<

ဆီဗီလာနောက်ခံလူ လွန်းဂလတ်ကို ပေါင် (၃၂)သန်းဖြင့် ဘာစီလိုနာခေါ်ယူ

ဘာစီလိုနာအသင်းသည် ဆီဗီလာအသင်းမှ ဗဟိုနောက်ခံလူ လွန်းဂလတ်ကို ပြောင်းရွှေ့ကြေး ပေါင် (၃၂)သန်းဖြင့်  (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ကြောင်း သိရသည်။ ထို့အပြင် ဘာစီလိုနာအသင်းသည် အဆိုပါပြင်သစ်နောက်ခံလူကို စာချုပ်လျော်ကြေးအဖြစ်ပေါင် (၂၆၅)သန်းပေးချေရမည်ဟု ထည့်သွင်းစာချုပ်ခဲ့ သည်။

Photo: FC BACELONA

အသက် (၂၃)နှစ်ရှိ လန်ဂလက်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလက ပြင်သစ်ကလပ်နန်စီအသင်းမှ ဆီဗီလာသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး (၅၂)ပွဲပါဝင်ကစားကာ (၄)ဂိုးသွင်းယူပေးခဲ့သည်။ ဘာစီလိုနာအသင်းသည် လွန်းဂလတ်၏ခြေစွမ်းကို နှစ်သက်သဘောကျသည့်အတွက် ပြီးခဲ့သည့်လပိုင်းကတည်းက ခေါ်ယူရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ ယခုအခါအပြီးသတ်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ လွန်းဂလတ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းနှင့်ကစားခဲ့သည့် (၁၆)သင်းပွဲစဉ် နှစ်ကျော့စလုံးတွင် ဆီဗီလာအသင်းအတွက်ပါဝင်ကစားခဲ့သူဖြစ်ပြီး အနိုင်ယူကျော်ဖြတ်ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ဘာစီလိုနာအသင်းသည် ဗဟိုခံစစ်နေရာတွင် ပီကေး၊ အမ်တီတီ၊ ဗာမယ်လန်း၊ မီနာ တို့ရှိနေသော်လည်း လွန်းဂလတ်အား ထပ်မံအားဖြည့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

July 12, 2018














Copy Protected by Chetan's WP-Copyprotect.