ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏အမှုအား ရုံးပြောင်းစစ်ဆေးပေးရန် လျှောက်ထားသည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာစစ်ဆေး

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏အမှုအား ရုံးပြောင်းစစ်ဆေးပေးရန် လျှောက်ထားသည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာစစ်ဆေး
Published 12 May 2018

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏အမှုအား ရုံးပြောင်းစစ်ဆေးပေးရန် လျှောက်ထားသည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကြားနာစစ်ဆေးနေကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောကြားသည်။

မေ ၁၁ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဖြိုးကိုကိုတင့်ဆန်းနှင့် အမှုအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူကြည့်ရှုစစ်နေရသည့်

အကြောင်းရင်းကို မေးမြန်းရာတွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အထက်ပါကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တရားစွဲတဲ့အဖွဲ့အစည်းက ဒီအမှုတွေ ို မြန်ဆန်စွာစစ်ဆေးဖို့နဲ့ လွယ်လွယ်ကူကူ စစ်ဆေးစီရင်နိုင်ဖို့အတွက် ကျူးလွန်တယ်လို့ စစ်ဆေးခံရသူအနေနဲ့လည်း ခုခံချေပတဲ့အခါမှာ ခဏခဏနေရာ ရွှေ့ပြောင်းသွားရတာမျိုးတွေ မရှိဖို့အတွက်ဆိုပြီးတော့ ရုံးပြောင်းပေးဖို့အတွက် လျှောက်ထားတာပါ။ သူက တိုင်းဒေသကြီးတစ်ခုထက် ကျော်တဲ့ နေရာက ရုံးကိုပြောင်းရမှာဖြစ်တဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကပဲ ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့အတွက် ရုံးပြောင်းဖို့ ကိစ္စကို ကျွန်မတို့ဆီကို လျှေက်ထားလာတဲ့အတွက် ဒါကိုကြားနာဖို့ဆောင်ရွက်နေတဲ့ အဆင့်ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောကြားသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏အမှုများအား ရန်ကုန်နှင့် နေပြည်တော်တို့ရှိ တရားရုံးများတွင် အမှုစစ်ဆေးနေပြီး ရုံးချိန်းရှိသည့်နေရာ ပြောင်းရွှေ့ စစ်ဆေးနေရသည့်အတွက် ပုံမှန်အမှုတစ်မှုနှင့် တရားရုံးတစ်ခုတွင်စစ်ဆေးနေသည်ထက်ပို၍ကြန့်ကြာနေကြောင်း ၎င်းက ဆိုသည်။

၎င်းက“ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ ကျွန်မတို့က အမှုစွဲရင်ဖြစ်ပွားတဲ့ နေရာရဲ့ နယ်မြေစီရင်ပိုင်ခွင့်အရ သူ့ကိုစွဲတင်ရပါ တယ်။ စွဲတင်ရတဲ့အခါကျတော့ သူကတစ်ရုံးထက်ပို့တဲ့ တရားရုံးတွေမှာ အမှုအခင်းရှိနေပါတယ်။ နောက်တစ်ခုက အများစိတ်ဝင်စားကြတာကတော့ ဦးဖြိုးကိုကိုတင့်ဆန်းပေါ့။ သူ့အပြင် သူနဲ့ဆက်စပ်တဲ့ အမှုတွေလည်း အများကြီးရှိနေပါတယ်။ ရှိနေတဲ့အခါကျတော့ စွပ်စွဲခဲ့ရသူတစ်ဦးတည်းက တစ်ရုံးထက်များတဲ့ ရုံးတွေမှာသူ့ကို ရုံးချိန်းထုတ်ပြီး အမှုစစ်ဆေးတဲ့အခါမှာ ကျွန်မတို့ကြန့်ကြာမှုဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့်ပါဝင်ပတ်သက်သူများ၏ အမှုတွဲများနှင့် စစ်ဆေးချက်များအား ကြည့်ရှုရန် ပြည်ထောင်စုတရားလွှတ်ချုပ်က ၂၀၁၈ ခုနှစ် ရာဇဝတ်အထွေထွေအမှု အမှတ် ၅ ဖြင့် အမှုဖွင့်ပြီးတောင်းယူသည့်အတွက် ဧပြီ ၁၉ ရက်က ဒက္ခိဏခရိုင်ရုံး တရားရုံးမှ အမှုတွဲများနှင့် စစ်ဆေးချက်များ ပေးပို့ထားကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့်ပါဝင်ပတ်သက်သူများအား ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရဲစခန်းတို့က လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉-က/၁၉(စ)၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ၇ ၊ လက်နက်အက်ဥပဒေ ၉(စ)/၁၉(က)နှင့် တရားခံပြေးမှုတို့ဖြင့် ဒီဇင်ဘာ ၂၁ ရက် ပထမဆုံးရုံးထုတ်စဉ်က တရားစွဲဆိုခဲ့သည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ဖြိုးကိုကိုတင့်ဆန်းပါသုံးဦးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ၊ ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းအား ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ဆက်လက်တရားစွဲဆိုခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းတစ်ဦးတည်းအား ရာဇသတ်ကြီးမှုအမှတ် ၆/၂၀၁၈ ဖြင့် အေလာနယ်မြေရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၆(၃) နှင့် ရာဇသတ်ကြီးမှုအမှတ် ၇/၂၀၁၈ ဖြင့် ဒက္ခိဏသီရိမြို့နယ်ရဲစခန်းက ၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၆ (၃) ဖြင့် ဇန်နဝါရီ ၁၀ ရက် တတိယအကြိမ် ရုံးထုတ်ရာတွင် ဆက်လက်တရားစွဲတင်ခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ရာဇသတ်ကြီး

မှုပုဒ်မ ၁၀ ခုနှင့် တရားခံပြေးမှုပုဒ်မ နှစ်ခု စုစုပေါင်း အမှု ၁၂ မှုဖြင့် တရားစွဲတင်ထားကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၀ခ ု ဖြင့်တရားစွဲတင်ခဲ့ရာ ဆက်သွယ်ရေးဥပဒေ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည့်အမှုကိုသာ ပေါင်းစစ်ဆေးသင့်ကြောင်း ဇန်နဝါရီ ၂၄ ရက် ခြောက်ကြိမ်မြောက်ရုံးတွင် ဒက္ခိဏခရိုင် တရားသူကြီး ဦးလှဝင်းက အမိန့်ချမှတ်ခဲ့သည်။

 

 

 

Most Read