မောင်တောမြို့နယ် မြို့ဦးကျေးရွာအုပ်စု လသာကျေးရွာရှိ အိမ်တစ်အိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သောင်းနီးပါးကို တရားခံနှင့်အတူ ဖမ်းဆီးရမိ

မောင်တောမြို့နယ် မြို့ဦးကျေးရွာအုပ်စု လသာကျေးရွာရှိ အိမ်တစ်အိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သောင်းနီးပါးကို တရားခံနှင့်အတူ ဖမ်းဆီးရမိ
Published 21 March 2018

မောင်တောမြို့နယ် မြို့ဦးကျေးရွာ အုပ်စုလသာကျေးရွာရှိ အိမ်တစ်အိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သောင်းနီးပါးကို မတ် ၁၉ ရက်ညပိုင်းတွင် တရားခံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၉ ရက် ည ၁၁ နာရီတွင် မူးယစ်တပ်ဖွဲ့စု ၄၆ မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် မြို့ဦးကျေးရွာအုပ်စု လသာကျေးရွာနေ အဒူရော်ရှီး၏နေအိမ်ကို ရှာဖွေရာ နေအိမ်အောက်ထပ် သစ်ပုံများကြားမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အဒူရော်ရှီး (၂၅ နှစ်) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ မတ် ၁၀ ရက် ညနေပိုင်းကလည်း မောင်တောမြို့ မြို့မတောင်ရပ်ကွက်နေ မနူရ်ဇာန်၏နေအိမ်ကိုရှာဖွေရာ မနူရ်ဇာန်နှင့် အူစမန်ဂေါ်နီတို့အား တွေ့ရှိရပြီး မနူရ်ဇာန်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၃ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မနူရ်ဇာန် (၄၈နှစ်) နှင့် အူစမန်ဂေါ်နီ (၂၂နှစ်) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent