၂၀၁၇ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် လျှပ်စစ်ဓာတ်အားကဏ္ဍ၌ ဒေါ်လာ ၂၄၂ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ဒေါ်လာ ၁၆၄ သန်းခန့်ဖြင့် ဒုတိယအများဆုံးဖြစ်

၂၀၁၇ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် လျှပ်စစ်ဓာတ်အားကဏ္ဍ၌ ဒေါ်လာ ၂၄၂ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ဒေါ်လာ ၁၆၄ သန်းခန့်ဖြင့် ဒုတိယအများဆုံးဖြစ်
Published 26 January 2018

၂၀၁၇ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာ နှစ်လအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ဒေါ်လာ ၂၄၂ သန်း ကျော်ဖြင့် အများဆုံးဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၆၄ သန်း ခန့်ဖြင့် ဒုတိယအများဆုံး ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး  ဒေါ်လာ၂၃၄ ဒသမ ၉၇၄ သန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလအတွင်း  ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး ဒေါ်လာ ၃၀၇ ဒသမ ၂၂၄ သန်း ခွင့်ပြုပေးခဲ့သည်။

အဆိုပါ နိုဝင်ဘာနှင့် ဒီဇင်ဘာနှစ်လအတွင်း ကဏ္ဍအလိုက် ဝင်ရောက်ခဲ့မှုမှာ နိုဝင်ဘာလအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၄၃ဒသမ ၂၆၈သန်း၊ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၂၀ ဒသမ ၅၀၀ သန်း ဝင်ရောက်ခဲ့သည်။

လျှပ်စစ်စွမ်းအားကဏ္ဍတွင် နိုဝင်ဘာလအတွင်း ခွင့်ပြုပေးခဲ့မှုမရှိခဲ့သော်လည်း ဒီဇင်ဘာလတွင် ဒေါ်လာ၂၄၂ ဒသမ၃၉၀ သန်းရှိ လုပ်ငန်းတစ်ခုကိုခွင့်ပြုပေးခဲ့သည်။ စက်မှုကဏ္ဍတွင် နိုဝင်ဘာလအတွင်း ဒေါ်လာ ၄၇ ဒသမ ၉၁၀ နှင့် ဒီဇင်ဘာလအတွင်း ဒေါ်လာ ၂၄ ဒသမ ၂၃၄ သန်း ဝင်ရောက်ခဲ့သည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် အဆိုပါနှစ်လအတွင်း ဒေါ်လာ ၇ ဒသမ ၄ သန်းအထိ ဝင်ရောက်ခဲ့ပြီး အခြားဝန်ဆောင်မှု ကဏ္ဍတွင် ဒေါ်လာ ၂၅ ဒသမ ၄ သန်းအထိ  ဝင်ရောက်ခဲ့သည်။

သတ္တုတွင်းကဏ္ဍတွင် နိုဝင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁ ဒသမ ၃၁၀ သန်းအထိ ဝင်ရောက်ခဲ့ကာ ဒီဇင်ဘာလအတွင်း ဝင်ရောက်ခြင်း မရှိပေ။

လယ်ယာကဏ္ဍအနေဖြင့်မူ အဆိုပါ နှစ်လအတွင်း ဒေါ်လာ ၁ ဒသမ ၀၈၀ သန်းသာ ဝင်ရောက်မြှုပ်နှံထားကြပြီး စက်မှုဇုန် တည်ဆောက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈ ဒသမ ၇၀၆ သန်းအထိ ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာနှစ်လအတွင်း ခွင့်ပြုပေးခဲ့သည့် ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၆၀၀၀ကျော်အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၅ ဒသမ ၂ ဘီလျံကျော် ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံက အများဆုံးဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၉၅၅ ဒသမ ၄၇၄ သန်းဖြစ်ပြီး အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ခွင့်ပြုပေးခဲ့မှု အပါအဝင် စုစု ပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၂၃၅ ဒသမ ၇၆၄ သန်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent