အိမ်ခြေ ၂၀ ကျော်မီးလောင်ဆုံးရှုံးခဲ့သော သင်္ဃန်းကျွန်း (ခ) ရပ်ကွက် မီးလောင်မှုအကြောင်းရင်းမှာ လျှပ်စစ်ဟင်းအိုး အပူလွန်ကဲမှုကြောင့်ဖြစ်

အိမ်ခြေ ၂၀ ကျော်မီးလောင်ဆုံးရှုံးခဲ့သော သင်္ဃန်းကျွန်း (ခ) ရပ်ကွက် မီးလောင်မှုအကြောင်းရင်းမှာ လျှပ်စစ်ဟင်းအိုး အပူလွန်ကဲမှုကြောင့်ဖြစ်
Published 22 January 2018

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (ခ) ရပ်ကွက် ဥယျာဉ်လမ်းအတွင်း ဆောက်လုပ်ထားသော နေအိမ်များ မီးလောင်မှုအကြောင်းရင်းမှာ လျှပ်စစ်ဟင်းအိုး အပူလွန်ကဲရာမှ မီးလောင်မှု စတင်ဖြစ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့် နေအိမ်မှ ပိုင်ရှင်ဖြစ်သူအား သုဝဏ္ဏနယ်မြေရဲစခန်းမှ (ပ) ၂၅/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲ ကျော်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် (ခ) ရပ်ကွက် ဥယျာဉ်လမ်းအတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်စစ်ဆေးရာ မီးလောင်ကျွမ်းသည့်နေရာမှာ အဆိုပါလမ်းအတွင်းရှိ ခြံတစ်ခြံအတွင်း ဆောက်လုပ်ထားသည့် လူနေအိမ်တန်းလျားများဖြစ်ကြောင်း၊ မီးလောင်ကျွမ်းခဲ့သည့် လူနေအိမ်မှာ အလုံး ၂၀ ကျော်ခန့်ရှိပြီး အဆိုပါ နေအိမ်တွင် နေထိုင်သူလူဦးရေ ၅၀ ကျော် ခန့်ရှိကြောင်း၊ မီးလောင်ခဲ့သည့် နေအိမ်တိုက်ခန်းများမှာ တစ်တိုက်လျှင် နှစ်ထပ်ဖြစ်ပြီး အခန်းများမှာဘေးချင်းကပ် ဆောက်လုပ်ထားကြောင်း၊ မီးလောင်ကျွမ်းမှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ Level - 3 သတ်မှတ်ခဲ့ကာ မီးသတ်ကားအစီး ၄၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent