MADB ဘဏ်မှတစ်ဆင့် လယ်ယာသုံးစက်ကိရိယာများ၊ လယ်ယာသုံးသွင်းအားစုများအတွက် ချေးငွေထုတ်ချေးနေပြီး မရရှိသေးသည့်ဒေသများကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးမည်

MADB ဘဏ်မှတစ်ဆင့် လယ်ယာသုံးစက်ကိရိယာများ၊ လယ်ယာသုံးသွင်းအားစုများအတွက် ချေးငွေထုတ်ချေးနေပြီး မရရှိသေးသည့်ဒေသများကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးမည်
Published 23 October 2017

 

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  (MADB) မှ စိုက်ပျိုးရေးစရိတ်ချေးငွေအပြင် Two Step Loans ဖြင့် လယ်ယာသုံးစက်ကိရိယာများ လယ်ယာသုံး သွင်းအားစုများကို ထုတ်ပေးလျက်ရှိပြီး ချေးငွေရရှိရန် ကျန်ရှိ နေသည့် နေရာဒေသများကိုလည်း  MADB နှင့် ချိတ်ဆက်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သည့် နိုင်ငံတော်၏ လူမှုစီးပွားဖွံံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ နေပြည်တော် ကောင်စီဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ စီးပွားရေးဝန်ကြီးများနှင့် (၅/၂၀၁၇) ကြိမ်မြောက် လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်က တစ်ဧကလျှင် ကျပ်တစ်သိန်း ထုတ်ချေးခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲအထိ ထုတ်ချေးပေးခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရန် လိုအပ်နေသော ဘဏ္ဍာငွေအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကျပ်  ဘီလျံ ၅၀၀ ချေးယူခွင့်အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ ငွေချေးစည်းကမ်းသတ်မှတ်ချက်အရ လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိပြီးသူ သို့ မဟုတ် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်လိုကြောင်း သက်ဆိုင်ရာဌာန၏ ထောက်ခံချက်၊ ချေးငွေစိစစ်ရေးအဖွဲ့၏ လယ်ယာမြေပိုင်ဆိုင်ကြောင်းနှင့် အမှန်တကယ်စိုက်ပျိုးကြောင်း ထောက်ခံချက်များ တင်ပြနိုင်သူကိုသာ ဘဏ်မှ ချေးငွေထုတ်ချေးပေးခြင်းဖြစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနလက်အောက်မှ လာမည့်  ဧပြီ ၁ ရက်မှစ၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းယူကာ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဆင့်မြင့် လယ်ယာစီမံကိန်းများ စတင်ဆောင်ရွက်နေပြီး ချေးငွေများ၊ နည်းပညာနှင့် သွင်းအားစုများ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“လယ်ယာကဏ္ဍနဲ့ပတ်သက်ပြီး အစားအသောက်ရယ် လယ်ယာကဏ္ဍရယ်နဲ့ ဒီလုပ်ငန်းရပ်ကြီးတစ်ရပ်လုံး Supply Chain တစ်ခုလုံးမှာ  အစားအသောက်ကို စိုက်ပျိုးရေးကဏ္ဍကနေ ထုတ်လုပ်သည်အထိ ပါဝင်ပတ်သက်နိုင်တဲ့အတွက်  စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းမှာ  စိုက်ပျိုးရေးကဏ္ဍ Master Plan ရးဆွဲနေပြီ ဖြစ်ပါတယ်။ ဒီ UMFCCI မှာပဲ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။  အခု  Master Plan ရေးဆွဲနေပြီဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရကလည်း ပြီးခဲ့တဲ့နှစ်   RE လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုဖို့အတွက်  အဆင့်မြင့်လယ်ယာစီမံကိန်းများ စတင်နေပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီလအတွင်းက ပြောကြားထားသည်။

 

 

Most Read

Most Recent