ဥပဒေအထက် ရောက်နေသူများကို အရေးယူပေးရန် တိုင်ကြားထားသော်လည်း အရေးယူခြင်းမရှိဟုဆိုကာ မဟာဗန္ဓုလပန်းခြံရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

ဥပဒေအထက် ရောက်နေသူများကို အရေးယူပေးရန် တိုင်ကြားထားသော်လည်း အရေးယူခြင်းမရှိဟုဆိုကာ မဟာဗန္ဓုလပန်းခြံရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
Published 4 October 2017

မကွေးတိုင်းဝန်ကြီးချုပ်နှင့် မကွေးတိုင်း စည်ပင်ဝန်ကြီးအား တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်နေစဉ်

ဥပဒေအထက် ရောက်နေသူများကို အရေးယူပေးရန် တိုင်ကြားထားသော်လည်း အရေးယူခြင်းမရှိဟုဆိုကာ အမျိုးသားတစ်ဦးက အောက်တိုဘာ ၃ ရက်နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်သူမှာ ဦးစိုးမင်း (ခ) စော်ဘွားကြီးဆိုသူဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ စည်ပင်သာယာကော်မတီဝင်တစ်ဦးက စည်ပင်ဥပဒေများကို ကျူးလွန်ထား၍ အရေးယူပေးရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်မိုးညိုထံ တိုင်ကြားစာပို့ခဲ့သော်လည်း လေးလနီးပါးကြာသည်အထိ ဆောင်ရွက်ခြင်းမရှိကြောင်း၊ ထို့ပြင် စည်ပင်သာယာရေးဝန်ကြီးထံသို့ တိုင်ကြားစာပို့ထားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် တိုင်ကြားပါလျက် အရေးယူခြင်းမရှိသော မကွေးတိုင်းဝန်ကြီးချုပ်နှင့် စည်ပင်သာရေးဝန်ကြီးတို့ကို နိုင်ငံတော်အစိုးရက အရေးယူပေးရန် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အရမ်းအရေးကြီးနေတဲ့ အချိန်ဖြစ်တယ်။ ပြီးတော့ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူး။ ကျွန်တော်တို့ မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ဥပဒေအထက်မှာ ရောက်နေတဲ့သူတွေရှိတယ်။ စည်ပင်သာယာရေးကော်မတီဝင်က စည်ပင်ဥပဒေပုဒ်မတွေကို ချိုးဖောက်ထားတာကို သိပါလျက်နဲ့ အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အတွက် စည်ပင်ဝန်ကြီးဆီရော၊ ဝန်ကြီးချုပ်ထံရော တိုင်ကြားထားတယ်။ ဒါပေမဲ့ လေးလနီးပါးကြာတဲ့အထိ အရေးယူဆောင်ရွက်တာမရှိပါဘူး” ဟု တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သည့် ဦးစိုးမင်း (ခ) စော်ဘွားကြီးက ပြောကြားသည်။

Most Read

Most Recent