လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် ထိုင်းကလေး ၁၃ ဦးအနက်မှ လေးဦးအား  စတင်ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူပြောကြား

လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် ထိုင်းကလေး ၁၃ ဦးအနက်မှ လေးဦးအား  စတင်ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူပြောကြား
Published 9 July 2018

မယ်ဆိုင်လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် ထိုင်းကလေးငယ် ၁၃ ဦးအနက်မှ လေးဦးအား ယနေ့ (ဇူလိုင်လ ၈ ရက်) ညနေပိုင်းတွင် စတင်ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုင်းကလေး ၁၃ ဦးထဲမှ လေးဦးမှာ လှိုဏ်ဂူအတွင်းရှိ ကယ်ဆယ်ရေးအခြေစိုက်စခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းကလေး လေးဦးမှာ မကြာမီအပြင်သို့ ထွက်လာနိုင်လိမ့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် ထိုင်းကလေးငယ် ၁၃ ဦးအနက်မှ နှစ်ဦးအား ယနေ့ ညနေပိုင်းတွင် စတင်ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံပြည်တွင်း မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။

အဆိုပါ ပိတ်မိနေသူ ၁၃ ဦးအနက်မှ ၂ ဦးအား စတင်ကယ်ထုတ်နိုင်ကြောင်း အာဏာာပိုင်များ၏ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးသော်လည်း ထိုင်းပြည်တွင်း မီဒီယာများမှရရှိသော အချက်အလက်များအား ကိုးကား၍ CAN သတင်းဌာနမှလည်း ကလေးနှစ်ဦး လွတ်မြောက်လာကြောင်း ဖော်ပြထားသည်။

ထို့ပြင် လှိုင်ဂူအတွင်း ပိတ်မိနေသည့် ကလေးများနှင့်ပတ်သက်၍ မြေပြင်အခြအနေများကို သွားရောက် သတင်းရယူကာ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများဖော်ပြပေးနေသည့် ကိုစည်သူမောင်၏ facebook တွင်လည်း ကလေးနှစ်ယောက်ထွက်ရှိလာပြီဖြစ်ကြောင်း၊ မယ်ဆိုင်လှိုဏ်ဂူအနီးသို့ ပြည်ထဲရေးဝန်ကြီးလည်း ရောက်ရှိလာကြောင်း ဖော်ပြထားသည်။

Most Read

Most Recent