နှစ်ပေါင်းနှစ်ရာ ကြားနေနိုင်ငံ အဖြစ်ရှိခဲ့သော ဆွီဒင် မတ် ၇ ရက်တွင် နေတိုးမဟာမိတ်၏ ၃၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာ

နှစ်ပေါင်းနှစ်ရာ ကြားနေနိုင်ငံ အဖြစ်ရှိခဲ့သော ဆွီဒင် မတ် ၇ ရက်တွင် နေတိုးမဟာမိတ်၏ ၃၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာ
​​​​​​​ဆွီဒင်အတွက်အလံတင်အခမ်းအနားမတိုင်မီ နေတိုးရုံးချုပ်၌ အခြားနို်င်ငံများ၏အလံများကြားထဲ ဆွီဒင်အလံတင်မည့် အလံတိုင်အလွတ်ကို တွေ့ရစဉ် - Photo: AFP
​​​​​​​ဆွီဒင်အတွက်အလံတင်အခမ်းအနားမတိုင်မီ နေတိုးရုံးချုပ်၌ အခြားနို်င်ငံများ၏အလံများကြားထဲ ဆွီဒင်အလံတင်မည့် အလံတိုင်အလွတ်ကို တွေ့ရစဉ် - Photo: AFP
Published 7 March 2024
Ref: AFP

နိုင်ငံရေးအားဖြင့် နှစ်ပေါင်းနှစ်ရာ ကြားနေနိုင်ငံအဖြစ်ရှိခဲ့ပြီး နှစ်နှစ်ကြာ သံတမန်ရေးရာ အဆင်မပြေမှုများရှိခဲ့ပြီးနောက် မတ် ၇ ရက်တွင် ဆွီဒင်နိုင်ငံသည် နေတိုးမဟာမိတ် အဖွဲ့၏ ၃၂ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာရာ   တစ်ချိန်တစ်ခါက ရုရှား အမြတ်ဒေါသမထွက်စေရန် ဂရုစိုက်နေခဲ့ရသော နိုင်ငံအတွက် ကြီးမားသော ခြေလှမ်းဖြစ်လာသည်။

ဆွီဒင်ဝန်ကြီးချုပ် အူးလ်ခရစ္စတာဆင် သည် ၀ါရှင်တန်ကို ရောက်ရှိနေပြီး ၀ါရှင်တန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ဆွီဒင်ကို နေတိုးအဖွဲ့ ဝင်အဖြစ် အတည်ပြုသည့် စာရွက်စာတမ်း များကို အခမ်းအနားဖြင့် လက်ခံရယူမည်ဖြစ်သည်။ ဆွီဒင်သည် နေတိုးအဖွဲ့ဝင်ဖြစ်ရေး အတွက် နေတိုးအဖွဲ့ဝင်အားလုံးထံမှ သဘော တူညီချက်ရရှိရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရ သည်။

ခရစ္စတာဆင်သည် မတ် ၇ ရက်နေ့တွင် ပင် သမ္မတဂျိုးဘိုင်ဒင်က နိုင်ငံ၏အခြေအနေ များကို မိန့်ခွန်း မြွက်ကြားမည့် အခမ်းအနား သို့တက်ရောက်မည်ဖြစ်သည်။ သမ္မတဂျိုး ဘိုင်ဒင်သည် ယူကရိန်းအတွက် အကူအညီ သစ်များကို ပြိုင်ဘက် ရီပတ်ဘလီကင်ပါတီ က အတည်ပြုပေးအောင် စည်းရုံးရာတွင် အ ခက်အခဲများ ကြုံနေရသူဖြစ်သည်။

ဆွီဒင်၏ အပြာနှင့်အဝါရောင် အလံကို  မတ် ၁၁ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ နေတိုး ရုံးချုပ်၌ လွှင့်ထူထားမည်ဟု မျှော်လင့်ရသည်။

နေတိုးအဖွဲ့ထဲကို ဆွီဒင် ဝင်ရောက်ခြင်း နှင့်ပတ်သက်၍ အထူးသဖြင့် နေတိုးတပ်ဖွဲ့ များနှင့် နေတိုး စစ်လက်နက်များကို ဆွီဒင် တွင် ချထားမည်ဆိုပါက တန်ပြန်အစီအမံများ ချမှတ်လုပ်ဆောင်သွားမည်ဟု ရုရှားက ပြော ကြားထားသည်။

အမေရိကန်ပြည်ထောင်စုနှင့်လည်း ကောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့် လည်းကောင်း စစ်ရေးအရ ပူးပေါင်းထားသော ဆွီဒင်နှင့် ဖင်လန်တို့သည် ဆိုဗီယက်ပြည် ထောင်စုကို စုပေါင်းဆန့်ကျင်ရန် စစ်အေး ခေတ်တွင် ဖွဲ့စည်းခဲ့သော နေတိုးမဟာမိတ် အဖွဲ့သို့ တရားဝင်အားဖြင့် ဝင်ရောက်ခြင်း အား သမိုင်းအစဉ်အလာအရ လက်ရှောင် ခဲ့ကြသော နိုင်ငံများဖြစ်သည်။

ဆွီဒင်သည် ၁၉ ရာစုအစပိုင်း နပိုလီယံ စစ်ပွဲများကတည်းက ဒုတိယကမ္ဘာစစ်အပါ အဝင် စစ်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိပေ။

သို့ရာတွင် ဖင်လန်နှင့်ဆွီဒင်တို့သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှား က ယူကရိန်းကို အင်နှင့်အားနှင့်ကျူးကျော် ခဲ့ပြီးနောက် နေတိုးအဖွဲ့ထဲဝင်ရောက်ရန် ပူး တွဲ လျှောက်ထားခဲ့သည်။ နေတိုးသည် မိမိ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရခြင်း မှာ အဖွဲ့ဝင်အားလုံးကို တိုက်ခိုက်ခြင်းဖြစ် သည်ဟု ယူဆထားသည်။

ဖင်လန်သည် ၂၀၂၃ ခုနှစ် ဧပြီလထဲ တွင် နေတိုးအဖွဲ့ထဲသို့ အောင်မြင်စွာ ဝင် ရောက်ခဲ့သည်။ ဆွီဒင်၏နေတိုးအဖွဲ့ ဝင်ဖြစ် ရေး ကြိုးပမ်းမှုမှာ တူရကီကြောင့် ကြန့် ကြာခဲ့ ရသည်။ တူရကီကို  တိုက်ခိုက်နေ သော ကာ့ဒ် စစ်သွေးကြွ များကို ဖြိုခွင်းရန် လွတ်လပ်သော ခိုလှုံရေးမူဝါဒများအတွက် ထင်ရှားသော ဆွီဒင်အား တူရကီက တောင်းဆိုခဲ့သည်။

ရုရှားထံမှ စစ်လက်နက် အများအပြား ဝယ်ယူခြင်းအတွက် အမေရိကန်၏ပိတ်ဆို့မှု များကို ခံထားရသော တူရကီအား အက်ဖ်- ၁၆ စစ်လေယာဉ်များရောင်းချပေးမည်ဟု အမေရိကန်ပြည်ထောင်စုက မက်လုံးပေး ထားခဲ့သည်။

Most Read

Most Recent