သီတင်းပတ်ခြောက်ပတ်ကြာ ပြုလုပ်မည့် အိန္ဒိယ၏ အထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၉ ရက်တွင် စတင်မည်ဖြစ်ပြီး မိုဒီနှင့် ၎င်း၏ပါတီ ထပ်မံအနိုင်ရရန် ရေပန်းစားနေ

သီတင်းပတ်ခြောက်ပတ်ကြာ ပြုလုပ်မည့် အိန္ဒိယ၏ အထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၉ ရက်တွင် စတင်မည်ဖြစ်ပြီး မိုဒီနှင့် ၎င်း၏ပါတီ ထပ်မံအနိုင်ရရန် ရေပန်းစားနေ
လာမည့်အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ၎င်းင်းကိုထောက်ခံသူများအား လက်ပြနှုတ်ဆက်နေပုံကို မတ်လ ၁၅ ရက်က တွေ့ရစဉ်(Photo: AFP)    
လာမည့်အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ၎င်းင်းကိုထောက်ခံသူများအား လက်ပြနှုတ်ဆက်နေပုံကို မတ်လ ၁၅ ရက်က တွေ့ရစဉ်(Photo: AFP)    
Published 19 March 2024

သီတင်းပတ်ခြောက်ပတ်ကြာ ကျင်းပမည့် အိန္ဒိိယ အထွေထွေရွေးကောက်ပွဲကို  ဧပြီလ ၁၉ ရက်တွင် စတင်မည်ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုကြေညာခဲ့ပြီး ဝန်ကြီးချုပ်နရင်ဒရာမိုဒီနှင့် သူ၏ဟိန္ဒူအမျိုး သားရေးဝါဒီ ဘာရာတီယာ ဂျာနာတာပါတီက ထပ်မံအနိုင်ရရှိမည်ဟု လူထုစစ်တမ်းအများစုတွင် ရေပန်းစားလျက်ရှိသည်။

အဆိုပါရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ သန်းတစ်ထောင်နီးပါးရှိသည့်အတွက် ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲဟု ဆိုရမည်ဖြစ်သည်။

ထိုရွေးကောက်ပွဲတွင် သက်တမ်းနှစ်ကြိမ်ဆက် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားသည့် မိုဒီနှင့် ၎င်း၏မဟာမိတ်များကတစ်ဖက်၊ ပါတီနှစ်ဒါဇင်ပူးပေါင်းထားသည့် အတိုက်အခံ အုပ်စုကတစ်ဖက် ယှဉ်ပြိုင်သွားမည်ဖြစ်ကာမိုဒီ၏ ဘာရာတီယာ ဂျာနာတာ(BJP)ပါတီက အလွယ်တကူ အနိုင်ရဖွယ်ရှိသည်ဟု လူထုသဘောထားစစ်တမ်းများတွင် ခန့်မှန်းထားသည်။

အသက် ၇၃ နှစ်အရွယ် မိုဒီထပ်မံအနိုင်ရမည်ဆိုလျှင် အိန္ဒိယ၏ လွတ်လပ်ရေးသူရဲကောင်းနှင့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူ ဂျဝါဟာလာနေရူးနောက်ပိုင်း သက်တမ်းသုံးကြိမ်ဆက် အုပ်ချုပ်ခွင့်ရသည့် ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲအတွက် ထပ်လောင်းကတိပြုပြီး အိန္ဒိယပြည်သူတွေဟာ သူတို့ရဲ့ဆန္ဒတွေကို အတူတကွ ထပ်မံဖော်ထုတ်ခွင့်ရမယ့် အဖိုးတန်အခိုက်အတန့်မှာ အသိပေးကြေညာချင်ပါတယ်” ဟု လွတ်လပ်သော အိန္ဒိယရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ရာဂျစ်ကူးမားက မတ်လ ၁၆ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆင့်ခုနစ်ဆင့်ဖြင့် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့်ကို ဇွန် ၁ ရက်တွင် ကျင်းပမည်ဖြစ်ကာ ဇွန် ၄ ရက်တွင် မဲရေတွက်မှုများပြုလုပ်မည်ဟု ၎င်းက ထပ်မံပြောကြားသည်။

အကြီးမားဆုံး ဒီမိုကရေစီပွဲတော်ကြီးစတင်ပြီဖြစ်ကြောင်းနှင့် သူ၏ပါတီသည် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် လူထုကိုအလုပ်အကျွေးပြုရေးဟူသော လမ်းစဉ်ဖြင့် မဲဆွယ်မည်ဖြစ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ မဲဆန္ဒရှင် သန်း ၉၆၀ ကျော်က သုံးကြိမ်မြောက် သက်တမ်းအတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ထောက်ခံအားပေးတာကို ရရှိလိမ့်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်” ဟု မိုဒီက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

မိုဒီနှင့် ၎င်း၏ပါတီသည် မဲဆွယ်စည်းရုံးရန် ကြိုးပမ်းလျက်ရှိသည်မှာ လအတန်ကြာမြင့်နေပြီဖြစ်သည်။ မိုဒီသည် နိုင်ငံတစ်ဝန်းသို့ နေ့စဉ်နီးပါးလှည့်လည်သွားလာကာ စီမံကိန်းအသစ်များ ဖွင့်လှစ်ပေးခြင်း၊ ဘာသာရေးအ ခမ်းအနားများ တက်ရောက်ခြင်းနှင့် လူထုတွေ့ဆုံမှုများတွင် မိန့်ခွန်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်။

မိုဒီသည် ၎င်း၏မန့်ခွန်းများတွင် အိန္ဒိယ၏စီးပွားရေးတိုးတက်မှုများအကြောင်း ဝင့်ကြွားပြောဆိုခဲ့ပြီး လတ်တလော၌ ကမ္ဘာပေါ်တွင် စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံဖြစ်နေကာ ဆင်းရဲနွမ်းပါးသူများအတွက် အခြေခံအဆောက်အအုံနှင့် လူမှုဖူလုံရေးအစီအစဉ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းတို့ကို  ရည်ညွှန်းပြောဆိုခဲ့သည်။   

Ref: Reuters

 

Most Read

Most Recent