ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ သုံးစွဲရန် ကျပ် ၁၃၃၄ ဒသမ ၁၉၄ ဘီလျံ တင်ပြတောင်းခံ

ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ သုံးစွဲရန် ကျပ် ၁၃၃၄ ဒသမ ၁၉၄ ဘီလျံ တင်ပြတောင်းခံ
Published 17 January 2018

ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ တက်ရောက် လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ သုံးစွဲရန် ကျပ် ၁၃၃၄ ဒသမ ၁၉၄ ဘီလျံ တင်ပြတောင်းခံထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း သုံးစွဲရန်နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြ ခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က “သာမန်အသုံးစရိတ် စုစုပေါင်း ၇၂၃ ဒသမ ၁၀၇ ဘီလျံ လျာထားပါတယ်။၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအတွက် ငွေလုံးငွေရင်း အသုံးစရိတ် ၆၁၁ ဒသမ ၀၈၇ ဘီလျံ တောင်းခံထားပါတယ်။ ငွေလုံး ငွေရင်း အသုံးစရိတ် အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်ထက် ၁၄ ဒသမ ၃၅၃ ဘီလျံ လျော့နည်းတောင်းခံ ထားပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

ဗိုလ်ချုပ်မြင့်နွယ်က “၂၀၁၈ ဘဏ္ဍာနှစ် ရသုံးမှန်းခြေ ငွေစာရင်းမှာ သာမန်ရငွေ ၃၁ ဒသမ ၇၆၁ ဘီလျံ ဖြစ်ပါတယ်။ သာမန်အသုံးစရိတ် ၇၂၃ ဒသမ ၁၀၇ ဘီလျံ ဖြစ်ပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ် ၆၁၁ ဒသမ ၀၈၇ ဘီလျံ ဖြစ်ပါတယ်။ ရငွေစုစုပေါင်း ၃၁ ဒသမ ၇၆၁ ဘီလျံဖြစ်ပြီး သုံးငွေစုစုပေါင်း ၁၃၃၄ ဒသမ ၁၉၄ ဘီလျံဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးတော့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ် စာရင်းများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ သာမန်အသုံးစရိတ် စုစုပေါင်း ၇၂၃ ဒသမ ၁၀၇ ဘီလျံ လျာထားပါတယ်။ ခေါင်းစဉ်များအလိုက် အသုံးစရိတ်များကတော့ လစာနှင့်စရိတ်များ ၃၇၁ ဒသမ ၁၃၉ ဘီလျံ၊ ပစ္စည်းများ ၁၇၁ ဒသမ ၁၇၄ ဘီလျံ၊ ပို့ဆောင်ရေး ၁၀ ဒသမ ၆၆ ဘီလျံ၊ အင်ဂျင်နီယာ ၂၈ ဒသမ ၀၃၅ ဘီလျံ၊ အထွေထွေ ၇၃ ဒသမ ၅၉၁ ဘီလျံ၊ စစ်ဆင် ရေး ၂ ဒသမ ၁၀၇ ဘီလျံ၊ စက်ရုံ၊ အလုပ်ရုံများ ၆၃ ဒသမ ၀၈၄ ဘီလျံ။ အတိုး ၂ ဒသမ ၈၁၁ ဘီလျံ၊ သာမန်အသုံးစရိတ် စုစုပေါင်း ၇၂၃ ဒသမ ၁၀၇ ဘီလျံဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးတော့ ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း အသုံးစရိတ် ၆၁၁ ဒသမ ၀၈၇ ဘီလျံလျာထား ပြီး ခေါင်းစဉ်အလိုက် ငွေလုံးငွေရင်း အသုံးစရိတ်များမှာ ဆောက်လုပ်ရေး အသုံးစရိတ် ၁၀၅ ဒသမ ၅၃၉ ဘီလျံ၊ စက်ပစ္စည်း အသုံးစရိတ် ၅၀၅ ဒသမ ၁၄၈ ဘီလျံ၊ အခြား အသုံးစရိတ် ၀ ဒသမ ၄၂၀ ဘီလျံ၊ ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း ၆၁၁ ဒသမ ၀၈၇ ဘီလျံဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ဆက်လက်ပြီးတော့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဘဏ္ဍာနှစ်အလိုက် ရငွေစာရင်း သုံးနှစ်တာ နှိုင်းယှဉ်ချက်များကို တင်ပြသွား မှာ ဖြစ်ပါတယ်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လတွင် သာမန်ရငွေ အနေဖြင့် ၁၁၉ ဒသမ ၅၅၁ ဘီလျံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ၃၆ ဒသမ ၅၅၆ ဘီလျံ ရရှိထားပါတယ်။ ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာအတွက် သာမန်ရငွေမှာ ၃၁ ဒသမ ၇၆၁ ဘီလျံ လျာထားသဖြင့် ယခင်ဘဏ္ဍာနှစ်များထက် ရငွေလျော့နည်း သွားရပါတယ်။ လျော့နည်းသွားရတဲ့ အကြောင်းကတော့ ပစ္စည်းများ ရောင်းရမှုမှ လျော့နည်းရရှိခြင်းနှင့် ကာကွယ်ရေးစက်ရုံများမှ လျော့နည်းရရှိခြင်း တို့ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာနှစ်အလိုက် အရအသုံး သုံးနှစ်စာ နှိုင်းယှဉ်ချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။

၂၀၁၆-၂၀၁၇ ပထမခြောက်လပတ်တွင် ၇၇၈ ဒသမ ၁၁၅ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ပထမခြောက်လပတ်တွင် ၁၄၅၂ ဒသမ ၅၈၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ အသုံးစရိတ် စုစုပေါင်း ၁၃၃၄ ဒသမ ၁၉၄ ဘီလျံ တောင်းခံထားပါသဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်ထက် ၁၁၈ ဒသမ ၃၉၅ ဘီလျံ လျော့နည်းတောင်းခံ ထားပါကြောင်း တင်ပြအပ်ပါတယ်။

သာမန်အသုံးစရိတ် အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ၆၀၉ ဒသမ ၆၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ် ပထမခြောက်လပတ်တွင် ၈၂၇ ဒသမ ၁၄၉ ဘီလျံနှင့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ အတွက် ၇၂၃ ဒသမ ၁၀၇ ဘီလျံ တောင်း ခံထားပါသဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်  ပထမခြောက်လပတ်ထက် ၁၀၄ ဒသမ ၀၄၂ ဘီလျံ လျော့နည်း တောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။

ငွေလုံးငွေရင်း အသုံးစရိတ် အနေဖြင့် ၂၀၁၆-၂၀၁၇ ပထမခြောက်လပတ်တွင် ၁၆၈ ဒသမ ၄၉၈ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ၆၂၅ ဒသမ ၄၄၀ ဘီလျံဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဧပြီမှ စက်တင်ဘာ အတွက် ၆၁၁ ဒသမ ၀၈၇ ဘီလျံ တောင်းခံထားပါသဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်ထက် ၁၄ ဒသမ ၃၅၃ ဘီလျံ လျော့နည်းတောင်းခံ ထားပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

၎င်းက “အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရန်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်၏ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရေးတွင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော် တည်ဆောက်ရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်သွားစေရန် စတဲ့ ရည်မှန်းချက်တာဝန်များအပေါ် အခြေခံ၍ တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို Standard Army, Standard Navy, Standard Air Force ဖြစ်လာစေရန်အတွက် နှစ်ရှည်စီမံကိန်းများကို ရေးဆွဲထားပါတယ်။ အထက်ပါ ရည်မှန်းချက် တာဝန်များနှင့် လုပ်ငန်းစဉ်များအပေါ် အခြေခံပြီး ဘတ်ဂျက်ရေးဆွဲ ဆောင်ရွက်ရာတွင် တပ်မတော်၏ သဘောသဘာဝအရ လူ၊ လက်နက်ပစ္စည်း၊ ဖွဲ့စည်းပုံနှင့် ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် မျှော်မှန်းပြီး ဦးစွာ ရေးဆွဲ၊ ပြဋ္ဌာန်းထားပါတယ်။ ယင်း လူ၊ လက်နက်၊ ပစ္စည်း၊ ဖွဲ့စည်းပုံအပေါ် အခြေခံသည့် အဆင့်လိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေး အခြေအနေ၊ ဘဏ္ဍာရေး အခြေအနေတို့ကို ချင့်ချိန်၍ ခန့်အပ်မည့်လူ၊ လိုအပ်သော လက်နက်၊ ပစ္စည်း၊ ဆက်စပ်အဆောက်အအုံများ၊ ဆက်စပ်လုပ်ငန်းများ၊ စစ်လက်နက် ပစ္စည်းများကို ရေးဆွဲပါတယ်။ ဒါ့ကြောင့် ခန့်အပ်ရမည့် လူအင်အား၊ ယင်းအတွက် လိုအပ်သော လက်နက်ပစ္စည်း၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် စီမံကိန်းပါ ဆက်စပ်အဆောက်အအုံများ စစ်လက်နက် ပစ္စည်းများကို နှစ်အလိုက် ထည့်သွင်း၍ ရေးဆွဲတင်ပြလျက် ရှိပါတယ်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေတည်မြဲရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် ရေးဆွဲထားသော လူ၊ လက်နက်၊ ပစ္စည်း၊ ဖွဲ့စည်းပုံ၊ ပင်မစီမံကိန်းကို နှစ်အလိုက်၊ အခြေအနေများအလိုက် အကောင်အထည်ဖော်မည့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent