ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား တိုင်းဒေကြီးဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား တိုင်းဒေကြီးဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြု
Published 10 January 2018

ဓာတ်ပုံ - မန်းဂျော်နီ Facebook

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား ယင်း၏ သဘောဆန္ဒအလျောက တိုင်းဒေကြီးဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ ၉ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပါရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်းကိုလည်း ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီလ ၉ ရက် ရက်စွဲဖြင့် ထပ်မံထုတ်ပြန်ထားကြောင်း သိရသည်။

 

Most Read

Most Recent