ဂရမ်မီဆုရအဆိုတော်၊သရုပ်ဆောင် Weird Al'Yankovic ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ

ဂရမ်မီဆုရအဆိုတော်၊သရုပ်ဆောင် Weird Al'Yankovic ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
Published 29 August 2018

ဂရမ်မီဆုရ အဆိုတော်၊ သရုပ်ဆောင် Weird Al' Yankovic သည် သြဂုတ် ၂၇ ရက် တွင် လော့စ်အိန်ဂျလိစ်ရှိ ဟောလိဝုဒ် Walk of Fame ၌ ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံခဲ့ရသည်။

Yankovic သည် အနုပညာသက်တမ်း နှစ် ၃၀ အတွင်း Like A Surgeon (Madon-na's Like A Virgin) ၊ Amish Paradise (Coolio's Gangsta's Paradise)  စသည့် သရော်သီဆိုထားသည့် သီချင်းများဖြင့် အောင်မြင်ခဲ့သည်။

Yankovic က ၎င်း၏ ကြယ်ပွင့်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ကြယ်ပွင့်လိုမျိုး ဖျက်ဆီးခံရမည့်အကြောင်း ဟာသနှောပြောကြားခဲ့သည်။

“ကျွန်တော့် အခုလိုမျိုး မတောင်းဆိုချင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ နာမည် ရေးထိုးထားတဲ့ကြယ်ကို ပေါက်ချွန်းနဲ့ မဖျက်ဆီးကြပါနဲ့” ဟု ၎င်းက ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်ရှိ ဟောလိဝုဒ်ဘိုလီဗာ့ဒ်လမ်းတွင် ပြုလုပ်သည့် ယင်းအခမ်းအနားသို့ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဒေါက်တာဒီမန်တိုနှင့် သရုပ်ဆောင်သော မက်စ်လီနွန်တို့လည်း တက်ရောက်ခဲ့ကြသည်။

Walk of Fame တွင် မိမိ၏ နာမည်ဖော်ပြခံရရေးအတွက် ၁၂ နှစ် ဆက်တိုက် ကြိုးပမ်းခဲ့သည့် ပရိသတ်တစ်ဦးဖြစ်သည့် ဒေ့ဗ်ရိုစီ၏ ကြိုးပမ်းမှုများကို Yankovic က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ကြယ်ပွင့် ဖြင့် ဂုဏ်ပြုသည့်အခမ်းအနားကိုလည်း ပရိသတ်များကပင် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

Yankovic ၏ ပွဲဦးထွက်ဟာသအယ်လ်ဘမ် Poodle Hat သည်  Billboard 200 စာရင်း၏ နံပါတ် (၁) နေရာတွင် ဖော်ပြခံခဲ့ရပြီး ၂၀၀၃ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် အကောင်းဆုံးဟာသ အယ်လ်ဘမ်ဆုရရှိခဲ့ သည်။ ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့သည့် Mandatory Fun အယ်လ်ဘမ်သည်လည်း Billboard အယ်လ်ဘမ် ၂၀၀ စာရင်း၏ နံပါတ် (၁) နေရာတွင် ဖော်ပြခံခဲ့ရသည်။

Yankovic သည်  UHF ဇာတ်ကားတွင် ပါဝင်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲများစွာတွင်လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၎င်းသည်ွှ When I Grow Up  နှင့် My New Teacher and Me! ဟု အမည် ပေးထားသည့် ကလေးစာအုပ် နှစ်အုပ်ကိုလည်း ရေးသားခဲ့သည်။

Most Read

Most Recent