စံချိန်တင်ဝင်ငွေရရှိခဲ့သည့် Incredibles 2 က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာ

စံချိန်တင်ဝင်ငွေရရှိခဲ့သည့် Incredibles 2 က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာ
Published 19 June 2018

ဒစ္စနေ၏ Pixer စတူဒီယိုမှထုတ်လုပ်သည့် တစ်မူထူးခြားသော စူပါဟီးရိုးမိသားစု အန်နီမေးရှင်းရုပ်ရှင် Incredibles 2 သည် ပွဲဦးထွက်သီတင်းပတ်မှာပင် စံချိန်တင်ဝင်ငွေ ဒေါ်လာသန်း ၁၈၀ ရရှိသွားခဲ့သည်။ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရသည့် နောက်ဆက်တွဲ  Incredibles 2 သည် မြောက်အမေရိကဒေသ၏ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာခဲ့သည်။

ထိုဝင်ငွေပမာဏသည် အန်နီမေးရှင်း ရုပ်ရှင်တစ်ကားအတွက် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့၌ ပွဲဦးထွက်ပြချိန်တွင် ရရှိသည့် အများဆုံးဝင်ငွေလည်း ဖြစ်သည်။ ၂၀၁၆ ခု နှစ်က ဒစ္စနေ၏ Pixar မှပင် ထုတ်လုပ်သည့် နာမည်ကျော် Finding Dory သည်ပင်ပွဲဦး ထွက်ပြသမှုတွင် ဝင်ငွေ ဒေါ်လာ ၁၃၅ သန်း ရရှိခဲ့သည်။

Incredibles 2 ၏ဇာတ်လမ်းမှာ Parr မိသားစုထဲမှမိခင်ဖြစ်သူ ဟယ်လန် (အသံဖြင့် သရုပ်ဆောင်သူ Holy Hunter) သည် အပြင်ထွက်၍ ကမ္ဘာကြီးကိုကယ်တင်ရန် လုပ်ဆောင်နေစဉ် ခင်ပွန်းဖြစ်သူဘော့ (Craig TNelson) မှာ သားသမီးများဖြစ်ကြသော ဗိုင်အိုလက် (Sarah Vowell)၊ ဒတ်ရှ် (Huck Milner) နှင့် ကလေးငယ်လေး ဂျက်- ဂျက်တို့နှင့်အတူ အိမ်တွင် ကျန်နေခဲ့ခြင်းအကြောင်း ဖြစ်သည်။ ထိုစဉ် ကလေးငယ် ဂျက်- ဂျက်၏ ကြီးမားလှသော စွမ်းအားများမှာလည်း ထွက်ပေါ်လုနီနီးဖြစ်နေပြီ ဖြစ်သည်။

ဒုတိယနေရာတွင် ရပ်တည်နေသည်မှာ အမျိုးသမီးများ အဓိက ပါဝင်သရုပ် ဆောင်ထားသော  Ocean’s ဖြစ်သည်။ ပြသနေသည်မှာ ဒုတိယမြောက်သီတင်းပတ်သို့ ရောက်လာပြီဖြစ်သည့်  Ocean’s သည် ဝင်ငွေဒေါ်လာ ၁၉ ဒသမ ၆ သန်း ရရှိထားသည်။

ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ တတိယနေရာတွင်ရှိနေသည်မှာ လူကြီးဇာတ်မြူးကား Tag ဖြစ်သည်။ ပွဲဦးထွက်ဝင် ငွေ ၁၄ ဒသမ ၆ သန်းရရှိထားသည့် ထို Tag ရုပ်ရှင်၏ ဇာတ်ကြောင်းမှာ ငယ်သူငယ်ချင်းများဖြစ်ကြသည် ငါးဦးပါအဖွဲ့သည် ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်စီစဉ်ထားသည့် လိုက်တမ်းပြေးတမ်းကစားနည်းကို နှစ်စဉ်နှစ်တိုင်း ကစားလေ့ရှိကြသည်။ ထိုကစားနည်းသည် ရံဖန်ရံခါတွင် နိုင်ငံအနှံ့ လှည်လည် ကစားကြရသည်။

စတုတ္ထနေရာတွင် ရပ်တည်နေသည်မှာ Solo း A Star Wars Story ဖြစ်သည်။ ဒစ္စနေမှပင်ထုတ်လုပ်သည့် ရုပ်ရှင်ဖြစ်သော Solo း A Star Wars Story သည် ပြီးခဲ့သည့် သီတင်းပတ်က ဝင်ငွေဒေါ်လာ ၉ ဒသမ ၁ သန်းရရှိထားသည်။ ယင်းရုပ်ရှင်သည် မြောက်အမေရိကဒေသတွင် စုစုပေါင်း ဝင်ငွေဒေါ်လာသန်း ၂၀၀ နီးပါး ရရှိထားပြီ ဖြစ်သည်။

ပဉ္စမနေရာတွင် ရှိနေသည်မှာ R – rated စူပါဟီးရိုးရုပ်ရှင်ဖြစ်သော Deadpool 2 ဖြစ်ပြီး ဝင်ငွေဒေါ်လာ ၈ ဒသမ ၈ သန်း ရရှိထားသည်။

Most Read

Most Recent