နိုင်ငံအများအပြား၌ ပြသအောင်မြင်လျက်ရှိသည့် Avengers း Infinity War (3D) ရုပ်ရှင်ကို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ အမေရိကန်နှင့်တစ်ပြေးညီ ရုံတင်ပြ

နိုင်ငံအများအပြား၌ ပြသအောင်မြင်လျက်ရှိသည့် Avengers း Infinity War (3D) ရုပ်ရှင်ကို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ အမေရိကန်နှင့်တစ်ပြေးညီ ရုံတင်ပြ
Published 27 April 2018

နိုင်ငံအများအပြားတွင်  ပြသအောင် မြင်လျက်ရှိသည့်  Avengers း Infinity War (3D) ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်၊ မန္တလေး၊ ပြည်၊ တောင်ငူ၊ ပဲခူး၊ မကွေး၊ မော်လမြိုင်နှင့် မုံရွာမြို့များရှိ ရုပ်ရှင်ရုံများ၌ ဧပြီ ၂၇ ရက်၌ အမေရိကန်နိုင်ငံနှင့် တစ်ပြေးညီ ရုံတင်ပြသထားသည်။

Avengers း Infinity War (3D) ရုပ်ရှင်ကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံ အချို့တွင် ဧပြီ ၂၅ ရက်ကစတင်ပြသခဲ့ခြင်း ဖြစ်သည်။

ထူးခြားပြီး အစွမ်းထက်သည့် သဘာဝလွန် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည့် Avengers များသည် ကမ္ဘာကြီး၏ ရန်သူများကိုတိုက်ထုတ်ရင်း အခြားသော အပြစ်မဲ့ ကမ္ဘာသူ၊ ကမ္ဘာသားများပါ ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့သည့်အပေါ် ကမ္ဘာ့နိုင်ငံအများ အပြားက ထိန်းချုပ်ရန်ကြိုးစားခဲ့ကြသည်။ ယင်းကဲ့သို့ ထိန်းချုပ်မှုနှင့်ပတ်သက်ပြီး စူပါဟီးရိုး လူစွမ်းကောင်းများအကြားသဘော ထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး နှစ်နှစ်ကြာသည်အထိ အားလုံးတကွဲတပြားစီ နေထိုင်ဖြစ်ခဲ့ကြသည်။

ထိုအချိန်မျိုးတွင် ကမ္ဘာကြီး၏ဖြစ်တည်မှုကို ခြိမ်းခြောက်သည့် အန္တရာယ်ကြီး ကျရောက်လာခဲ့သည်။ ယင်းမှာ စကြဝဠာကြီးအတွင်းမှ စွမ်းအားကြီး ဂြိုဟ်သားများ၏ ခေါင်းဆောင် Thanos သည် ကမ္ဘာပေါ်ရှိ Infinity Stones ဟုခေါ်သည့် စွမ်းအင် ကျောက်တုံး ခြောက်တုံးကို ရှာဖွေခဲ့ပြီးနောက် ကမ္ဘာကြီးကို သူ၏စိတ်ကြိုက် ဖျက်ဆီးခြင်း၊ ဖန်တီးခြင်းများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

Thanos နှင့် နောက်လိုက်ဂြိုဟ်သားများကြောင့် ကမ္ဘာကြီး၏ဖြစ်တည်မှုကို ခြိမ်းခြောက်လာခဲ့သည်ကို Avengers များက စုပေါင်း၍ ပြန်လည်တွန်းလှန်တိုက်လိုက်ကြရာမှ ဖြစ်ပေါ်လာသည်များကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားသည့် သိပ္ပံအက်ရှင်ဇာတ်ကား ဖြစ်သည်။ ယင်းဇာတ်ကားတွင် MARVEL Studio ၏ စူပါဟီးရိုးဇာတ်ကောင်များစွာကို ထည့်သွင်းရိုက်ကူးထားသည်။

Avengers း Infinity War (3D) ရုပ်ရှင်ကို ဒါရိုက်တာ Anthony Russo နှင့် Joe Russo တို့က ရိုက်ကူးပြီး  Rober Downey Jr, Chris Evans, Chris Pratt , Chris Hensworth , Josh Brolin, Scharlett Johansson, Benedict Cumberbatch, Tom Holland တို့ ပါဝင်ထားသည်။ ယင်း ဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ၂၊ မင်္ဂလာစံပြ၊ Mingalar Cineplex ၊ မန္တလေးရှိ Mingalar Diamond Cineplex ၊ ပြည်ရှိ မင်္ဂလာထွန်းသီရိ၊ ပဲခူးရှိ Icon ၊ တောင်ငူရှိ  New 3 D Cineplex ၊ မကွေးရှိ မင်္ဂလာစံပြ၊ မော်လမြိုင်ရှိ မင်္ဂလာဘုရင့် ရုပ်ရှင်ရုံနှင့် မုံရွာရှိ Mingalar Cine - plex Ocean ရုပ်ရှင်ရုံတို့၌ တစ်ပြိုင်နက် ရုံတင်ပြသထားသည်။

Most Read

Most Recent