ကမ္ဘာတစ်လွှားပြသအောင်မြင်နေသည့် Jumanji: Welcome To The Jungle ဇာတ်ကားကို ရန်ကုန်၊ မန္တလေး၊ ပြည်၊ တောင်ငူ၊ ပဲခူးနှင့် မကွေးမြို့များရှိ ရုပ်ရှင်ရုံများ၌ ရုံတင်

ကမ္ဘာတစ်လွှားပြသအောင်မြင်နေသည့် Jumanji: Welcome To The Jungle ဇာတ်ကားကို ရန်ကုန်၊ မန္တလေး၊ ပြည်၊ တောင်ငူ၊ ပဲခူးနှင့် မကွေးမြို့များရှိ ရုပ်ရှင်ရုံများ၌ ရုံတင်
Published 29 December 2017

ကမ္ဘာတစ်လွှားပြသအောင်မြင်နေသည့် စိတ်ကူးယဉ်စွန့်စားမှု ရုပ်ရှင်ဇာတ်ကား Jumanji: Welcome To The Jungle ရုပ်ရှင်ကို ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ ရန်ကုန်၊ မန္တလေး၊ ပြည်၊ တောင်ငူ၊ ပဲခူးနှင့် မကွေးမြို့ များရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသထားသည်။

Jumanji: Welcome To The Jungle ရုပ်ရှင်ဇာတ်ကားသည် ၁၉၉၅ ခုနှစ်က ကမ္ဘာတစ်လွှားပြသအောင်မြင်ခဲ့သည့် Jumanji ရုပ်ရှင်ဇာတ်ကား၏ ဒုတိယဇာတ်လမ်းအဖြစ် ဆက်လက်ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းဇာတ်ကားကို အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၂၀ ရက်က စတင်ပြသခဲ့ခြင်းဖြစ်ပြီး နိုင်ငံအများအပြားတွင် ဒီဇင်ဘာ ၂၅ ရက်၌ စတင်ပြသခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကား၏ ကမ္ဘာတစ်လွှား လက်မှတ်ရောင်းချရမှု ရရှိသည့်ဝင်ငွေသည် ဒီဇင်ဘာ ၂၆ ရက် အထိ ဒေါ်လာ ၁၃၈ သန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။

၁၉၉၆ ခုနှစ်တွင် ဆယ်ကျော်သက် ကောင်လေး အဲလက်ဇ်သည် ဂျူမန်းဂျီးဗီဒီယို ဂိမ်းကို သူ၏ဂိမ်းစက်အတွင်း ထည့်ကစားစဉ် အစအနပျောက်သွားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အထက်တန်းကျောင်းသားလေး စပင်ဆာ၊ ဖရစ်၊ ဘက်သနီနှင့် မာသာတို့သည် ကျောင်းအုပ်ကြီး၏ အပြစ်ပေးမှုနှင့် ကျောင်းစတိုခန်းအတွင်းမှ ပစ္စည်းများရှင်းလင်းနေခဲ့ရသည်။

ထိုစတိုခန်းအတွင်း၌တွေ့ရသည့် ဂျူမန်းဂျီး ဂိမ်းစက်ကိုတွေ့ကာ စိတ်ကြိုက်ဂိမ်းဇာတ်ကောင်များကို ရွေးချယ်ကစားစဉ် ဂိမ်းကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့ကြသည်။ အဆိုပါ ဂိမ်းကမ္ဘာထဲ၌ သူတို့ရွေးချယ်ထားသည့် ဂိမ်းဇာတ်ကောင်များအသွင်ဖြင့် ရောက်ရှိသွားခဲ့သည့် ဆယ်ကျော်သက်လူငယ်တစ်စု ကြုံတွေ့ရသည့်အဖြစ်များကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားသည့်ဇာတ်ကား ဖြစ်သည်။

Jumanji: Welcome To The Jungle ရုပ်ရှင်ကို ဒါရိုက်တာ Jake Kasdan က ရိုက်ကူးထားပြီး  Dwayne Johnson, Kevin hart, Jack Black, Karen Gillan တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာစံပြ၊ Capital (ဒေါပုံ)၊ Mingalar Cineplex ၊ JCGV ရုပ်ရှင်ရုံများ၊ မန္တလေးမြို့ရှိ JCGV နှင့် Mingalar Diamond ၊ ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ၊ ပဲခူးမြို့ရှိ Mingalar Cinema တောင်ငူမြို့ရှိ New 3D Cinema ၊ မကွေးမြို့ရှိ မင်္ဂလာစံပြ ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ ရုံတင် ပြသထားသည်ဟု သိရသည်။

Most Read

Most Recent