ယခုနှစ် ခုနစ်လအတွင်း နိုင်ငံတစ်ဝန်းတွင် ယာဉ်တိုက်မှုကြောင့် လူပေါင်း ၃၂၀၀ ကျော် သေဆုံးပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၅ ဦးနှုန်း သေဆုံး

ယခုနှစ် ခုနစ်လအတွင်း နိုင်ငံတစ်ဝန်းတွင် ယာဉ်တိုက်မှုကြောင့် လူပေါင်း ၃၂၀၀ ကျော် သေဆုံးပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၅ ဦးနှုန်း သေဆုံး
Published 16 August 2018

၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ခုနစ်လအတွင်း မြန်မာနိုင်ငံ တစ်ဝန်းတွင် ယာဉ်တိုက်မှုကြောင့် လူဦးရေ ၃၂၀၀ ကျော် သေဆုံးပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၅ ဦးနှုန်း သေဆုံးနေကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

လအလိုက် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများမှာ ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှု ၁၅၆၅ မှုဖြစ်ပွားပြီး ၄၉၁ ဦး သေဆုံးကာ ၂၃၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဖေဖော်ဝါရီလအတွင်း ၁၄၅၃ မှု ဖြစ်ပွားပြီး ၄၀၉ ဦး သေဆုံးကာ ၂၂၃၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မတ်လအတွင်း ယာဉ်တိုက်မှု ၁၅၈၁ မှု ဖြစ်ပွားကာ ၅၄၁ ဦး သေဆုံးပြီး ၂၃၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဧပြီလအတွင်း ယာဉ်တိုက်မှု ၁၇၉၅ မှု ဖြစ်ပွားကာ ၅၇၂ ဦး သေဆုံးပြီး ၃၃၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မေလအတွင်း ယာဉ်တိုက်မှုကြောင့် ၄၅၅ ဦး သေဆုံးကာ ၂၃၀၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဇွန်လအတွင်း ယာဉ်တိုက်မှု ၁၃၃၁ မှု ဖြစ်ပွားကာ ၃၇၆ ဦး သေဆုံးပြီး ၁၈၅၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ယာဉ်တိုက်မှု ၁၂၉၇ မှု ဖြစ်ပွားကာ ၃၅၇ ဦး သေဆုံးပြီး ၁၈၃၄ ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းတွင် တစ်ရက်လျှင် ပျမ်းမျှ ယာဉ်တိုက်မှု ၅၀ နှုန်းဖြစ်ပွားနေပြီး အဆိုပါ ယာဉ်တိုက်မှုများကြောင့် တစ်ရက်လျှင် ပျမ်းမျှသေဆုံးသူ ၁၅ ဦးနှုန်း ရှိကြောင်း၊ ဒဏ်ရာရရှိသူ တစ်ရက်လျှင် ပျမ်းမျှ ၇၈ ဦးနှုန်းရှိကြောင်း သိရသည်။

 

Most Read

Most Recent