သမီးရည်းစား စကားများရာမှ ဒုတိယနှစ် ကျောင်းသူတစ်ဦး လည်ပင်းညှစ် သတ်ခံရမှု ဖြစ်ပွား

သမီးရည်းစား စကားများရာမှ ဒုတိယနှစ် ကျောင်းသူတစ်ဦး လည်ပင်းညှစ် သတ်ခံရမှု ဖြစ်ပွား
Published 26 June 2018

ဓာတ်ပုံ - နိုင်ရဲဝေ

သမီးရည်းစား စကားများရာမှ ကျောင်းသူတစ်ဦး လည်ပင်းညှစ် သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၂၆ ရက်က အမပူရမြို့မရဲစခန်းမှ သိရသည်။

အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု ထန်းတောကျေးရွာ၊ ရွှေဘုံသာသာသနာ့ရိပ်သာကျောင်းဝင်း အရှေ့၌ ဇွန် ၂၆ နံနက် ၁၂ နာရီခွဲခန့်က ရတနာပုံတက္ကသိုလ်မှ တတိယနှစ် ကျောင်းသားတစ်ဦးနှင့် ဒုတိယနှစ်ကျောင်းသူတို့ သမီးရည်းစားခြင်း စကားများ ရန်ဖြစ်ရာမှ ဒုတိယနှစ်ကျောင်းသူ သေဆုံးရခြင်း ဖြစ်ကြောင်းသိရသည်။

"သမီးရည်းစား စကားများရာကနေ ကောင်လေးက ကောင်မလေးလည်ပင်း ညှစ်မိရာက လက်လွန်သွားပြီး ကောင်မလေး သေဆုံးသွားတာပါ။ သွေးစတွေက တစ်ဦးနဲ့တစ်ဦး ကုတ်ခြစ်ထားတဲ့ ဒဏ်ရာတွေပါ။ ကောင်လေးကို ခုဖမ်းဆီးထားပါတယ်။ အမှုတော့ မဖွင့်ရသေးပါဘူး'' ဟု အမရပူရ မြို့မရဲစခန်းမှ ရဲအုပ်မင်းပိုင်ဦးက ပြောကြားသည်။

သေဆုံးခဲ့သည့် ကျောင်းသူမှာ မ ---- (၁၉ နှစ်) ဒုတိယနှစ်၊ ဥပဒေ (ရတနာပုံတက္ကသိုလ်) တပ်ကုန်းမြို့နယ်၊ သပြေချောင်း ကျေးရွာနေသူဖြစ်ပြီး ဒုတိနှစ်ကျောင်းသူအား လည်ပင်းညှစ်သတ်သူမှာ မောင် ---- (၂၀ နှစ်) တတိယနှစ် ပထဝီ (ရတနာပုံတက္ကသိုလ်) မိုးမိတ်ခရိုင်၊ မဘိန်းမြို့နယ် ဝိုင်းလုံကျေးရွာနေသူ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent