မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ
Published 25 March 2024

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် ၇၄ လမ်းနှင့် ၃၁ (A) လမ်းထောင့်ရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမှု မတ် ၂၅ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၄၆)တွင် အမည်မသိအမျိုးသား သုံးဦးသည်  သေနတ်နှင့် ရဲဒင်းများ ကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ လူများအား ထောင့်တစ်ခုတွင် စုထိုင်ခိုင်းကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ဘဏ်တွင် ငွေထုတ်ပေးရန်ဆောင်ရွက်နေသည့် ကျပ်သိန်း ၁၈၀၀ ကျော်အပါအဝင် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန်အုပ်များထည့်ထားသည့် ပီနံအိတ်များကို ယူဆောင်သွားခဲ့ကြောင်း၊ စုစုပေါင်းငွေတန်ဖိုးအား စိစစ်ဆဲဖြစ်ကာ စုံစမ်းစစ်ဆေးမှုများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent