■ YBS 58  ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးလုံး ဓားပြတိုက်ခံရခြင်း မဟုတ်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦး ပြောကြား

■ YBS 58  ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးလုံး ဓားပြတိုက်ခံရခြင်း မဟုတ်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦး ပြောကြား
Published 13 March 2024

YBS (58) ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးလုံး ဓားပြတိုက်ခံရခြင်း မဟုတ်ကြောင်း အဆိုပါယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မတ် ၁၂ ရက်က ပုဇွန်တောင်မြို့နယ် သီတာဆိပ်မှတ်တိုင်တွင် ယာဉ်ပေါ်တက်လာသူ နှစ်ဦးအနက် တစ်ဦးက ပုလင်းတစ်လုံးကို ရိုက်ခွဲကာ ယာဉ်မောင်းသူကို ပုလင်းကွဲဖြင့် ခြိမ်းခြောက်ပြီး ကျန်သူတစ်ဦးက ခရီးသည်များကို ဓားပြတိုက်ခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာအချို့တွင် ရေးသားဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းဌာနတစ်ခုမှ YUPTပိုင် YBS(58) ယာဉ်ပေါ်တွင်ယာဉ်တစ်စီးလုံးဓားပြအတိုက်ခံရသည်ဟု ဖော်ပြလာခဲ့ကြောင်း၊ ဖြစ်စဉ်အမှန်မှာ သီတာဆိပ်မှတ်တိုင်၌ကားရပ်စဉ်ကားပေါ်စီးနင်းလာသူအခြင်းခြင်း ဖုန်းရောင်းဝယ်သူ(ခံရသူအပြောအရ)တစ်ဦးထံမှ ဦးထုတ်ဆောင်းထားသောဘောင်းဘီဝတ်တစ်ဦးမှဖုန်းဘယ်နှစ်လုံးပါလာသလဲ၊ထုတ်ဟုခြိမ်းခြောက်ပြီး ခံရသူမှဖုန်းထုတ်ပေးခြင်းအားတစ်စီးလုံး ဓားပြအတိုက်ခံရသလို မှားယွင်းရေးသား‌ဖော်ပြလာခဲ့သည်ဟု အဆိုပါယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

YBS ယာဉ်များပေါ်တွင် CCTV များပြည့်စုံစွာတပ်ဆင်ထားပြီး ခြိမ်းခြောက်ခံရပြီး ဖုန်းပေးလိုက်ရသူကလည်း သက်ဆိုင်ရာရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။

Most Read

Most Recent