မန္တလေးမြို့တွင် ဓားဖြင့်ခုတ်ပြီး ဖုန်းလုယက်သူနှစ်ဦး ထွက်ပြေးစဉ် ကားတိုက်မိပြီး သေဆုံး

မန္တလေးမြို့တွင် ဓားဖြင့်ခုတ်ပြီး ဖုန်းလုယက်သူနှစ်ဦး ထွက်ပြေးစဉ် ကားတိုက်မိပြီး သေဆုံး
Published 27 September 2024

မန္တလေးမြို့တွင် ဓားဖြင့်ခုတ်ပြီး ဖုန်းလုယက်သူနှစ်ဦး ထွက်ပြေးစဉ် ကားတိုက်မိပြီး သေဆုံးမှု စက်တင်ဘာ ၂၆ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ ၆၄ လမ်းနှင့် လမ်း ၄၀ ထောင့်တွင် ကလေးကျောင်းကြိုရန် စောင့်ဆိုင်းနေသည့် ဇနီးမောင်နှံနှစ်ဦးထဲမှ ခင်ပွန်းဖြစ်သူအမျိုးသားသည် ကားပေါ်မှဆင်းပြီး ဖုန်းပြောနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးမှ ဖုန်းကိုလုယူသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်ထဲမှ ဖုန်းအား လုယူထွက်ပြေးသွားသဖြင့် အမျိုးသားမှ ဖုန်းအား ပြန်ဆွဲယူစဉ် ဆိုင်ကယ်ပေါ်က လူမှ ဓားဖြင့် ခုတ်သဖြင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဖုန်းလုယူသူများမှာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားသဖြင့် ဇနီးမောင်နှံနှစ်ဦးမှ ကားဖြင့်လိုက်ရာ ၆၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းသို့ရောက်စဉ် လုယက်ထွက်ပြေးသူများ၏ဆိုင်ကယ်အား တိုက်မိခဲ့ရာ လုယက်သူနှစ်ဦးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းနှင့် လမ်းထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိသိရသည်။

Most Read

Most Recent