ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားပေါ်တွင် ယာဉ်နှစ်စီးတိုက်မိပြီး တစ်ဦးသေဆုံး

ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားပေါ်တွင် ယာဉ်နှစ်စီးတိုက်မိပြီး တစ်ဦးသေဆုံး
Published 8 April 2024

ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားပေါ်တွင် ယာဉ်နှစ်စီးတိုက်မိပြီး တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ ၈ ရက် ညနေ ၄ နာရီကျော်ခန့်တွင် လှည်းတန်းခုံးကျော်တံတားပေါ်တွင် ယာဉ်နှစ်စီး တိုက်မိပြီး ဟိုက်ဂျက်ယာဉ်မှာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်မောင်း သေဆုံးခဲ့ပြီး Soueast ယာဉ်မှ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိိခဲ့ကြာင်း သိရသည်။

“လှည်းတန်းခုံးတံတားပေါ်မှာ ဖြစ်တာပါ။ ဟိုက်ဂျက်က ဟံသာဝတီအဝိုင်းဘက်က တက်လာတာ။ တံတားပေါ်မှာ လမ်းပြောင်းပြန်မောင်းပြီး တစ်ဖက်က လာတဲ့ကားကို ဝင်တိုက်မိတာပါ။ ဟိုက်ဂျက်က ပက်လက်လန်သွားပါတယ်။ ဟိုက်ဂျက်ယာဉ်မောင်း သေဆုံးသွားတာပါ” ဟု ပြည်သူ+လူရွှင်တော် ပရဟိတအသင်းမှဥက္ကဌ ဦးမျိုးထွန်းက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာသို့ ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ ယာဉ်တစ်စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ ယာဉ်တစ်စီး၊ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့၊ ပြည်သူ+လူရွှင်တော် ပရဟိတအသင်းနှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းတို့မှ လာရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent