ရန်ကင်းကလေးဆေးရုံ၌ လေးနှစ်အရွယ် ကလေးအလောင်း တစ်လောင်းအား အခြားပိုင်ရှင်မဲ့ ကလေးအလောင်းများနှင့်အတူ မှားယွင်းမီးသဂြုႋဟ်မှု ဖြစ်ပွား

ရန်ကင်းကလေးဆေးရုံ၌ လေးနှစ်အရွယ် ကလေးအလောင်း တစ်လောင်းအား အခြားပိုင်ရှင်မဲ့ ကလေးအလောင်းများနှင့်အတူ မှားယွင်းမီးသဂြုႋဟ်မှု ဖြစ်ပွား
Published 29 July 2017

ရန်ကင်းကလေးဆေးရုံတွင် လေးနှစ်အရွယ် ကလေးငယ် အလောင်းအား အခြား ပိုင်ရှင်မဲ့ အလောင်းများနှင့်အတူ မှားယွင်း မီးသြင်္ဂိုဟ်မှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၉ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ရန်ကင်းမြို့နယ် သစ္စာလမ်းရှိ ရန်ကင်း ကလေးဆေးရုံကြီးတွင် ပိုင်ရှင်ရှိသည့် ကလေးငယ်တစ်ဦး၏ အလောင်းအား အခြားပိုင်ရှင်မဲ့ ကလေးအလောင်းများနှင့်အတူ ရန်ကင်းကလေးဆေးရုံကြီးမှ မှားယွင်းပြီး မီးသြင်္ဂိုဟ်လိုက်သည်ကို ကလေးမိဘများက မကျေမနပ် ဖြစ်နေသည်ဟု သက်ဆိုင်ရာ ရဲစခန်းမှ သတင်းရသဖြင့် သွားရောက်စုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။

သွားရောက်စစ်ဆေးရာ ဇူလိုင် ၂၇ ရက် နံနက် ၃ နာရီခန့်တွင် ရန်ကင်းကလေးကြီး အအေးတိုက်တွင် ပိုင်ရှင်မဲ့ ကလေးအလောင်း ငါးလောင်းနှင့် ပိုင်ရှင်ရှိ ကလေးအလောင်း တစ်လောင်း ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ပိုင်ရှင်မဲ့ ကလေးအလောင်း ငါးလောင်းအား မီးသြင်္ဂိုဟ်ရန် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျည်စုသုသာန်သို့ ပို့ဆောင်ရာတွင် ပိုင်ရှင်ရှိ ကလေးအလောင်းမှာ ပါဝင်သွားခဲ့ပြီး ယင်းနေ့ နံနက် ၈ နာရီခန့်တွင် ပိုင်ရှင်ရှိ ကလေးအလောင်းအား ပိုင်ရှင်က လာရောက်ထုတ်ယူမှသာ မှားယွင်းပါဝင်သွားသည်ကို ပိုင်ရှင်က သိရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မှားယွင်းပါဝင်သွားသဖြင့် ကလေးဆေးရုံကြီးမှ ကျည်စုသုသာန်သို့ ဆက်သွယ်စဉ် အဆိုပါ ပိုင်ရှင်ရှိ ကလေးအလောင်းမှာ မီးသြင်္ဂိုဟ်ပြီးသွားပြီဖြစ်ကြောင်း သိရသည်။

မှားယွင်းပြီး မီးသြင်္ဂိုဟ်ခဲ့သည့် ကလေးငယ်၏ ဖခင်ဖြစ်သူမှာ မူဆယ်မြို့တွင် နေသူဖြစ်ပြီး အဆိုပါ ကလေးငယ်မှာ ဇူလိုင် ၁၆ ရက်တွင် မရမ်းကုန်း ပါရမီကလေးဆေးရုံမှ ရန်ကင်းကလေးဆေးရုံကြီးသို့ သွေးရောဂါဖြင့် ကူးပြောင်းရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကင်းမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ မှားယွင်းမီးသြင်္ဂိုဟ်ခဲ့သည့် ကလေးငယ်၏ ဖခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး စခန်းတွင် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက အမှုလာဖွင့်ထားကြောင်း သိရသည်။

“ဇူလိုင် ၂၉ ရက် မနက်မှာပဲ ကလေးရဲ့ ဖခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး စခန်းမှာ လာရောက်တိုင်တန်းလို့ ပုဒ်မ ၂၉၇ နဲ့ အမှုဖွင့်ထားပါတယ်။ ကလေးအဖေ တိုင်တာကတော့ ရန်ကင်းကလေးဆေးရုံက တာဝန်ရှိသူ တစ်ဦးဦးကို ဖွင့်တာပါ” ဟု ရန်ကင်းမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

Most Read

Most Recent