တုရင်တောင် စွယ်တော်မြတ်စေတီအား ဖူးမျှော်ပြီး ပြန်ဆင်းလာသော ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မူ ဖြစ်ပွား

တုရင်တောင် စွယ်တော်မြတ်စေတီအား ဖူးမျှော်ပြီး ပြန်ဆင်းလာသော ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မူ ဖြစ်ပွား
Published 11 March 2024

တုရင်တောင် စွယ်တော်မြတ်စေတီအား ဖူးမျှော်ပြီး ပြန်ဆင်းလာသော ဘုရားဖူးယာဉ်တစ်စီး မတ် ၁၁ ရက် နံနက် ၁၁ နာရီခန့်က တိမ်းမှောက်မူဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အခုဖြစ်စဉ်မှာက ရန်ကုန်လာတဲ့ ဘုရားဖူးဧည့်သည်တွေက ဘုရားဖူးကားကို ငှားပြီး လည်ပတ်ကြတယ်။ တုရင်တောင်ဘုရားကို လာဖူးပြီး ပြန်ဆင်းမှာ ကားဘရိတ်ပေါက်ပြီး မှောက်သွားတယ်။ ဒဏ်ရာရတာလူ လေးဦးမှာ တစ်ဦးက စိုးရိမ်ရတယ်။ ကျန် သုံးဦး ထိခိုက်မှုမရှိဘူး” ဟု လူမူကူညီရေးအသင်းမှ ကူညီလုပ်ဆောင်ပေးခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ဘုရားဖူခရီးသည် အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခြောက်ဦး၊ စုစုပေါင်းပေါင်း ၁၃ ဦးပါရှိပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီး လေးဦးမှာ မစိုးရိမ်ရနှင့် အမျိုးသား တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုအား တောင်တော်ဂေါပကအဖွဲ့၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံများမှ ကူညီဆောင်ရွက်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ် ၅ အရန်မီးသတ်မှ လူမှုကူညီရေးယာဉ် နှစ်စီးနှင့် Bagan Rescue အသင်းပိုင် Ambulance ယာဉ် တစ်စီးတို့ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent