သီလဝါအများပိုင် ကုမ္ပဏီဥက္ကဋ္ဌ၏ ကိုယ်ကျိုးစီးပွား ပြဿနာများ ဖြေရှင်းပေးရန် တောင်းဆိုနေချိန်တွင် လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် MTSH မှ နုတ်ထွက်

သီလဝါအများပိုင် ကုမ္ပဏီဥက္ကဋ္ဌ၏ ကိုယ်ကျိုးစီးပွား ပြဿနာများ ဖြေရှင်းပေးရန် တောင်းဆိုနေချိန်တွင် လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် MTSH မှ နုတ်ထွက်
Published 3 October 2018

သီလဝါအများပိုင်ကုမ္ပဏီ (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်၏ Conflict of Interest (ကိုယ်ကျိုးစီးပွားပြဿနာ) များဖြေရှင်းပေးရန် တောင်းဆိုနေချိန်တွင် MTSH မှ COO (လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ်) စက်တင်ဘာ ၃၀ ရက်က အလုပ်မှ နုတ်ထွက်ခဲ့သည်ဟု ယင်းကုမ္ပဏီက အောက်တိုဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

MTSH တွင် Founder Shareholder အဖြစ် ပါဝင်သည့် Myanmar Edible Oil Industrial Public Corporation (MEICO) Limited က ဦးဝင်းအောင်နှင့် သားဖြစ်သူ ဦးသူရိန်အောင်တို့၏ Conflict of Interest များကို ဖြေရှင်းပေးရန် ပဉ္စမအကြိမ်မြောက် အထွေထွေနှစ်ပတ်လည် အစည်းအဝေးတွင် တောင်းဆိုခဲ့ပြီး အဆိုပါ တောင်းဆိုချက်များကို တိတိပပ ဖြေရှင်းနိုင်ခြင်း မပြုသေးမီ COO အဖြစ် တာဝန်ထမ်းဆောင်နေသူ Mr. David Law နုတ်ထွက်သွားခြင်းဖြစ်ပြီး MTSH ကုမ္ပဏီ၏ MD ဦးအောင်စိုးသာက Mr. David Law နုတ် ထွက်ကြောင်း ကြေညာစာတွင်မူ “Mr. David Law နုတ်ထွက်ခြင်းမှာ ၎င်းအတွက် ပိုမိုသင့်တော်မည့် အခွင့်အလမ်းများနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် နုတ်ထွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် Mr. Daive Law နုတ်ထွက်ခြင်းကြောင့် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုနှင့် စပ်လျဉ်းပြီး အခက်အခဲ တစ်စုံတစ်ရာ ရှိမည်မဟုတ်ကြောင်း MTSH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MTSH တွင် လတ်တလော အခြေအနေများမှာ Conflict of Interest များဖြင့် ရှုပ်ထွေးနေပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာကလည်း ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ရာထူးမှ နုတ်ထွက်ထားကာ အဆိုပါ အရှေ့ပိုင်းတွင်လည်း သီလဝါ အများပိုင်ကုမ္ပဏီ၌ COO တာဝန်ထမ်းဆောင်ခဲ့သူ မလေးရှားနိုင်ငံသား Mr. Law Teck Wee က ဘဏ္ဍာရေးဌာန အသုံးပြုနေသည့် စားပွဲတင်ကွန်ပျူတာကို ခွင့်ပြုချက်မရှိ ဖြုတ်ယူသွားခဲ့ခြင်းများ၊ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပြီးချိန်တွင် Mr. Law Tech Wee က ဦးဝင်းအောင် ရှိနေသည့် ဒဂုန်အင်တာနေရှင်နယ်ရုံးကို သွားခဲ့ခြင်းများနှင့် ဒါရိုက်တာအဖွဲ့ဝင်အချို့က ဖိအားပေး အမှုပိတ်သိမ်းခဲ့ခြင်းများကြောင့် MTSH တွင် နစ်နာမှုရှိမရှိ ဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။

MTSH အနေဖြင့် လက်ရှိတွင် CEO ခန့်အပ်ရန် ရှိနေသော်လည်း လက်ရှိအချိန်အထိ ခန့်အပ်နိုင်ခြင်း မရှိသေးကြောင်း MD ဦးအောင်စိုးသာထံမှ အောက်တိုဘာ ၂ ရက် တွင် စုံစမ်းသိရသည်။

ဥက္ကဋ္ဌဦးဝင်းအောင်၏ Conflict of Interest များနှင့်ပတ်သက်ပြီး ဦးဝင်းအောင်က “မိမိရဲ့ ကိုယ်ကျိုးထက် ရှယ်ယာရှင်တွေရဲ့ အကျိုး၊ နောက်တစ်ဆင့် ကျွန်တော်တို့ရဲ့ စီးပွားရေး ကဏ္ဍကြီးရဲ့ အကျိုး၊ နောက်တစ်ဆင့် နိုင်ငံတော်ရဲ့ အကျိုးကို ရှေးရှုပြီး အမြဲတမ်း ဆောင်ရွက်သွားမယ်” ဟု ပြောကြားထားသည်။

Most Read

Most Recent