ပို့ကုန်လိုင်စင်လျှောက်ထားမှုတွင် ပို့ကုန်လိုင်စင်/ပါမစ်များ၏သက်တမ်းကို နှစ်လအဖြစ် ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း စီးပွား/ကူးသန်း အသိပေး

ပို့ကုန်လိုင်စင်လျှောက်ထားမှုတွင် ပို့ကုန်လိုင်စင်/ပါမစ်များ၏သက်တမ်းကို နှစ်လအဖြစ် ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း စီးပွား/ကူးသန်း အသိပေး
Published 2 March 2024

ပို့ကုန်လိုင်စင်လျှောက်ထားမှုတွင် ပို့ကုန်လိုင်စင်/ပါမစ်များ၏သက်တမ်းအား နှစ်လအဖြစ် ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၉ ရက်စွဲဖြင့် အသိပေးကြေညာထားသည်။

ကုန်သွယ်ရေးဦးစီးဌာနသို့ ပို့ကုန်လိုင်စင်လျှောက်ထားမှုတွင် ပို့ကုန်လိုင်စင်/ပါမစ်များ၏သက်တမ်းအား နှစ်လအဖြစ် ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းတင်ပို့မည့်အထောက်အထားများနှင့် တင်ပြလာပါက ကိစ္စရပ်တစ်ခုချင်းအပေါ်မူတည်၍ အထူးသက်တမ်းတိုး(၁၄)ရက်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာထားသည်။

ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရာ၌် ပြင်ဆင်ရန်လိုအပ်ချက်များရှိပါက ပြင်ဆင်ဖြည့်စွက်ရမည့်ကာလကို ယခင် သတ်မှတ်ထားသည့် ၇ ရက်အစား ၁၄ ရက် သို့ ပြင်ဆင်သတ်မှတ်ခြင်းအား ၂၀၂၄ ခုနှစ် မတ်လ  ၁ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားမှုအပေါ် ဌာနမှစစ်ဆေးချက်အရ ပြင်ဆင်ရန် လိုအပ်ချက်ရှိခြင်း၊စာရွက်စာတမ်းပြည့်စုံမှုမရှိခြင်းကြောင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များကို Message ပေးပို့သည့်နေမှ ၇ ရက်အတွင်း လုပ်ငန်းရှင်မှ ပြန်လည်တင်ပြခြင်းမရှိပါက စနစ်မှအလိုအ လျောက်ပယ်ဖျက်(Auto Cancel) ပြုလုပ်မည်ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ ၄/၂၀၂၂ ဖြင့် ထုတ်ပြန်ထားသည်။

ယခုအခါ ပို့ကုန်လုပ်ငန်းရှင်များ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ပို့ကုန်လိုင် စင်/ပါမစ်လျှောက်ထားမှုနှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ရမည့်ကာလကို ယခင်သတ်မှတ်ထားသည့် ၇ ရက်အစား ၁၄ ရက်သို့ ပြင်ဆင်ဖြေလျှော့ပေးခြင်းကို ၂၀၂၄ ခုနှစ် မတ် ၁ ရက်မှစတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်၊သွင်းကုန်လိုင်စင်ပါမစ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လိုင်စင်ပါအချက်အလက်ပြည့်စုံမှုမရှိသဖြင့် Turn Down ပြုလုပ်ကြောင်းနှင့်ဌာနက လိုင်စင်ခွင့်ပြုပြီး ကြောင်းတို့ကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အချိန်နှင့်တစ်ပြေးညီသိရှိဆောင်ရွက်နိုင်ရေးအတွက် စနစ်မှအသိပေးခြင်းအပြင်  ကုမ္ပဏီများ၏ Main Member အီးမေးလ်များသို့လည်း အကြောင်းကြားပေးပို့မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိ ပေးကြေညာထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀  ဒသမ ၃၅၁ ဘီလျံရှိသည်။

Most Read

Most Recent