ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊စည်းကမ်းနှင့်ညွှန်ကြားချက်များ လိုက်နာမှုမရှိဟုဆိုကာ ကုမ္ပဏီခြောက်ခု၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် ရုပ်သိမ်း

ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊စည်းကမ်းနှင့်ညွှန်ကြားချက်များ လိုက်နာမှုမရှိဟုဆိုကာ ကုမ္ပဏီခြောက်ခု၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် ရုပ်သိမ်း
Published 8 April 2024

ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့်ညွှန်ကြားချက်များ လိုက်နာမှုမရှိဟုဆိုကာ ကုမ္ပဏီခြောက်ခု၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်များရုပ်သိမ်းကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် အောက်ဖော်ပြပါ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီခြောက်ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့်ညွှန်ကြားချက်များ လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)အား ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်မှစ၍ ရုပ်သိမ်းလိုက်သည်။

ယင်းကုမ္ပဏီများမှာ New World Financial Group of Co.,Ltd ၊G.S.T Travels&Tours Co.,Ltd ၊ Prima Win Co.,Ltd ၊ Great Jewel Star Co.,Ltd ၊ Shwe D P Co.,Ltd ၊ JMJ International Co.,Ltd တို့ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည် ငြိမ်စေရန်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့်  ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို့၊ ပြည်ပသို့သွားရောက်သူများအတွက် လိုအပ်သော အသေးသုံးနိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိသည်။

ထို့ပြင်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရထုတ်ပြန်သော ညွှန်ကြားချက်များကို နိုင်ငံခြားငွေများလဲလှယ် ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေရန်အတွက် နိုင်ငံခြားငွေလဲကောင်တာများအား ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် ယခုကဲ့သို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းကျောင်းသွားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဓိက ရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းစျေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်အတွက် ငွေကြေးမူဝါဒကို အကောင်အထည်အထည်ဖော်ဆောင်ရွက်ရာတွင် ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၄၀(ခ)၊(ဂ)နှင့်(ဃ)တို့အရ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျဉ်း၍အကြံပြုခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent