ကျော်ကျော်ဗိုလ်၏ Ride on Europe အစီအစဉ်သစ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်ရိုက်ကူးမည်

ကျော်ကျော်ဗိုလ်၏ Ride on Europe အစီအစဉ်သစ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်ရိုက်ကူးမည်
Published 18 June 2018

သရုပ်ဆောင်ကျော်ကျော်ဗိုလ်၏ Ride on Europe အစီအစဉ်သစ်အနေဖြင့် ယခုတစ်ကြိမ်တွင် အရှေ့တောင်အာရှနိုင်ငံများသို့ ခရီးသွားလာမှုကို ရိုက်ကူးတင်ဆက်သွားရန် စီစဉ်ထားကြောင်း သိရသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် လှပသည့်နေရာ ရှုခင်းများစွာရှိနေပြီး အဆိုပါနေရာများအား ပြည်တွင်းမှ ခရီးသွားများလေ့လာလည်ပတ်ရာတွင် လိုအပ်သည်များ၊ သိရှိထားသင့်သည်များ၊ လည်ပတ်သွားလာသင့်သည့် လှပသောနေရာများကို လမ်းညွှန်ရိုက်ကူးတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ခရီးသွားခြင်းက အနုပညာတစ်ခုပါ။ ကျွန်တော့်အနေနဲ့ ခရီးသွားခြင်းကို အရမ်းလည်း သဘောကျသလို အနုပညာတစ်ရပ် အနေနဲ့လည်း တန်ဖိုးထားတယ်။ ဒါကြောင့်လည်း ဒီလိုအစီအစဉ်မျိုးတွေရိုက်ရတာကို ကြိုက်ပါတယ်။ အခုတစ်ကြိမ်မှာတော့ ဥရောပဘက်မဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံ တွေထဲကသွားမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာများစွာ ရှိပါတယ်။ ကျွန်တော်တို့ ပြည်တွင်းက ခရီးသွားသူတွေလည်း သဘောကျနှစ်သက်တဲ့ နေရာများစွာ ရှိမှာပါ။ ဒီလိုသွားလာလည်ပတ်တဲ့အခါ ဘာတွေကို သတိပြုလေ့လာထားသင့်သလဲ၊ နေရာတစ်ခုချင်းစီမှာ လေ့လာလည်ပတ်သင့်တဲ့အရာတွေက ဘာတွေလဲ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက ဘာတွေလဲဆိုတာတွေကို လေ့လာရိုက်ကူးတင်ပြသွားပါမယ်။ စိတ်ဝင်စားစရာနေရာတွေကို အခုကတည်းကလည်း လေ့လာထားပြီးပါပြီ။ ဒါကြောင့် ဒီအစီအစဉ်ကလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းမယ်လို့ ယုံကြည်ပါတယ်” ဟု သရုပ်ဆောင်ကျော်ကျော်ဗိုလ်က ဆိုသည်။

သရုပ်ဆောင်ကျော်ကျော်ဗိုလ်၏ အရှေ့တောင်အာရှနိုင်ငံများသို့ ခရီးသွားအစီအစဉ် သွားရောက်ရိုက်ကူးမှုကို Passionate Traveller က တာဝန်ယူစီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။