(၅၄) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်းအတွဲပေါင်း ၇၀၀၀ ခန့်အတွက် အခြေခံဈေးနှုန်းအရ ယူရိုသန်း ၂၀၀ ကျော်ရှိမည်

(၅၄) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်းအတွဲပေါင်း ၇၀၀၀ ခန့်အတွက် အခြေခံဈေးနှုန်းအရ ယူရိုသန်း ၂၀၀ ကျော်ရှိမည်
Published 31 July 2017

(၅၃)ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် လာရောက်လေ့လာနေသူများကို တွေ့ရစဉ်

(၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်း အတွဲပေါင်း ၇၀၀ ခန့်အတွက် အခြေခံဈေးနှုန်းအရ ယူရိုသန်း ၂၀၀ ကျော်ရှိမည်ဖြစ်ကြောင်း မြန်မာ့ကျောက် မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ် သြဂုတ် ၂ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်မည့် (၅၄) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၃၂၆ တွဲအား အခြေခံယူရို ၁၃ ဒသမ ၀၁၆ သန်း ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၆၅၆၁ တွဲကို အခြေခံ ယူရို ၁၉၅ ဒသမ ၇၈၃ သန်းဖြင့် လည်းကောင်း တင်ပြရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

(၅၄) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တင်ပြရောင်းချရန် လာရောက်အပ်နှံထားသည့် တန်ဖိုးကြီးကျောက်စိမ်းတွဲများ၏ ဈေးနှုန်းအရ ယူရိုရှစ်သန်းမှ သုံးသန်းကျော်များ ပါဝင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။

တင်ပြရောင်းချရန် လာရောက်အပ်နှံသော ကျောက်စိမ်းတွဲများ ခင်းကျင်းထားမှုနှင့် အရည်အသွေးမြင့် တန်ဖိုးကြီးကျောက်စိမ်းတွဲများအရ ၅၅ ကီလိုဂရမ် အလေးချိန်ရှိ IMPERIAL JADE ROUGH ၏ RESERVE PRICE ကို ယူရို ၈၈၀၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ ၄၂ ကီလိုဂရမ်ရှိ IMPERIAL JADE ROUGH ၏ RESERVE PRICE ကို ယူရို ၃၈၀၀၀၀၀၊ ၅ ဒသမ ၅ ကီလိုဂရမ်ရှိ COMMERCIAL JADE ROUGH ၏ RESERVE PRICE ယူရို ၃၀၀၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

၈၂ ကီလိုဂရမ် IMPERIAL JADE ROUGH ၏ RESERVE PRICE ယူရို ၃၈၀၀၀၀၀ နှင့် ၀ ဒသမ ၂၀ ကီလိုဂရမ်ရှိ IMPERIAL JADE ROUGH ၏ RESERVE PRICE ယူရို ၁၀၀၀၀၀၀ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်း၊ ကျောက်မျက် အရိုင်းတုံးများ၊ သွေးပြီး အချောထည်များ၊ လက်ဝတ်ရတနာများ၊ ရုပ်တုရုပ်ထွင်းများ၊ ကျောက်ကပ်ပန်းချီကားများကို နိုင်ငံခြားငွေ ယူရိုဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့သည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချမှုအတွင်း ကျောက်မျက်ရိုင်း ၁၉၅ တွဲမှ ၁၃၀ တွဲရောင်းချခဲ့ရပြီး ကျပ်သန်း ၆၀၀၀ ခန့်ရရှိခဲ့ကြောင်း၊ ကျောက်စိမ်းအသားကျောက် ၄၁၃၇ တွဲ ရောင်းချမှုမှ ကျပ်သန်း ၅၅၀၀၀ ကျော်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် ယူရိုငွေဖြင့် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၄၄၀၀ ကျော် ရောင်းချခဲ့ရပြီး ယူရိုသန်း ၃၂၇ ဒသမ ၆၇ ရရှိခဲ့ကြောင်း
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။

Writter: အောင်ရဲကို

Most Read

Most Recent