မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သစ် ဇွန်လတွင် ပထမဆုံးခရီးစဉ် လာရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သစ် ဇွန်လတွင် ပထမဆုံးခရီးစဉ် လာရောက်မည်
Published 24 May 2018

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သစ် ခရစ်စတင်း ရှရန်နာဘာဂျီနာသည် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်အကျပ်အတည်းဆိုင်ရာ ဆွေးနွေးပွဲများအတွက် လာမည့်
လတွင် နေပြည်တော်သို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂသတင်းအရစ်အမြစ်များက မေ ၂၃ တွင် ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ဖြစ်ခဲ့ဖူးသော ရှရန်နာဘာဂျီနာသည် ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီက မြန်မာနိုင်ငံသို့ သွားခဲ့ပြီးနောက် အထူးကိုယ်စားလှယ်က ဇွန်လတွင် ပထမအကြိမ် အစည်းအဝေးများကို ကျင်းပရန် လာရောက်မည်ဖြစ်သည်။

ရှရန်နာဘာဂျီနာသည် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသော အချက်အလက်ရှာဖွေရေးမစ်ရှင်ကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ငြင်းဆိုထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ရန်ဟီးလီကိုလည်း တားမြစ်ပိတ်ပင်ထားသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ ရက်အတိအကျကို ကုလသမဂ္ဂသတင်းအရင်းအမြစ်က မပြောကြားခဲ့သော်လည်း ခရီးစဉ်ကို မြန်မာအစိုးရက သဘောတူထားကြောင်း ပြောကြားခဲ့သည်။

ရှရန်နာဘာဂျီနာသည် ဘင်္ဂါလီမွတ်စလင် အကျပ်အတည်းကို ဆွေးနွေးရန်အတွက် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်နှင့် မေ ၂၂ ရက်က တွေ့ဆုံခဲ့သည်။

Most Read

Most Recent