ဖြူးမြို့နယ် ကညွှတ်ကွင်းတွင် မောင်နှမသုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ခင်တန်းရပ်ကွက်တွင် ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက အဆိုပါ ကလေးငယ်သုံးဦးမှာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။
“ခင်တန်းရပ်ကွက်က သချႋုင်းကုန်းနားက မြေကြီးတွေ တူးထားတဲ့ နေရာက ရေကန်လိုဖြစ်နေတာ။ ကန်က လူကြီးတရပ်လောက်နက်တယ်။ အဲ့ဒီထဲမှာ ရေနစ်သေဆုံးသွားတာ” ဟု ကညွှတ်ကွင်းဒေသခံတစ်ဦးက ပြောကြားသည်။
သေဆုံးခဲ့သည့် ကလေးငယ် သုံးဦးမှာ မောင်နှမများဖြစ်ပြီး ယင်းတို့အနက်အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မကြယ်စင်အေးနှင့် မောင်ကြယ်စင်အောင်တို့မှာ အမြွှာမောင်နှမဖြစ်ပြီး အခြားသေဆုံးသူမှာ ၎င်းတို့၏ ညီမဖြစ်သည့် အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မဇွန်ပန်းဖြူ ဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးခဲ့သည့် မောင်နှမ သုံးဦး၏ နာရေးအား ဇွန် ၁၇ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။















