တစ်နှစ်​ကျော်ကြာပိတ်ထားခဲ့ရ​သော သဃ်န်းညီ​နောင်း အထက်တန်း​ကျောင်းအား လာမည်ပညာသင်နှစ်တွင်ဖွင့်လှစ်နိုင်ရန်​ဆောင်ရွက်

တစ်နှစ်​ကျော်ကြာပိတ်ထားခဲ့ရ​သော သဃ်န်းညီ​နောင်း အထက်တန်း​ကျောင်းအား လာမည်ပညာသင်နှစ်တွင်ဖွင့်လှစ်နိုင်ရန်​ဆောင်ရွက်
Published 3 May 2026

ကရင်ပြည်နယ် ၊မြဝတီမြို့နယ် တွင် တစ်နှစ်​ကျော်ကြာပိတ်ထားခဲ့ရ​သော သဃ်န်းညီ​နောင်း အထက်တန်း​ကျောင်းအား လာမည့် ၂၀၂၆/၂၀၂၇ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်​ရန် ဒေသတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကရင်ပြည်နယ် နယ်ခြား​စောင့်တပ်ဖွဲ့များက ဧပြီ ၃ ရက်​က စုပေါင်းသန့်ရှင့်​ရေးနှင့် လိုအပ်ချက်များ ပြန်လည်ပြုပြင်ရန်ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

"သဃ်န်းညီ​နောင်မှာ ​ဒေသအ​ခြေအ​နေ​​ကြောင့် နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရတယ်။ဒီ​ကျောင်းကြီးမှာ ​တော​တွေခြုံ​တွေထူထပ်ပြီး​တော့ ဖြစ်​နေတာ၊ ဒါကိုရှင်းလင်းဖို့အတွက် မြို့မိမြို့ဖ ဦးသန်း​ရွှေ ဦး​ဆောင်ပြီး​တော့ ၊မြို့နယ်အုပ်ချုပ်​ရေးမှူး နဲ့ မြို့မိမြို့ဖ ၊စည်ပင်သာယာ​​ရေး၊တပ်မ​တော်နဲ့ ဌာနဆိုင်ရာ အဖွဲ့စည်း​ပေါင်းစုံ စု​ပေါင်းကာ လူအား စက်အားနဲ့ လုပ်​ဆောင်တာဖြစ်ပါတယ်။ "ဟု မြို့နယ်ပညာ​ရေးမှူး ဦးမိုး​ကျော်က​ ပြောသည်။

​ကျောင်းဝင်းအတွင်း ​မြေပြင်တွင် ခြုံထူ၊ ​တောထ​နေမှုမျာအား ကရင်နယ်ခြား​စောင့်တပ် မှ ဗိုလ်မှူးချုပ် ​စောမုတ်သုန်၊ဗိုလ်မှူး ​စောထူးနှင့် ဗိုလ်မှူး မုန်တိုင်း ဦး​ဆေင်​​သော တပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်၊တပ်မ​တော်သားများ၊ရဲတပ်ဖွဲ့ဝင်များ ၊အုပ်ချုပ်​ရေး အဖွဲ့ဝင်များ က စက်အားလူအားဖြင့် ရှင်းလင်း​ဆောင်ရွက်ခဲ့သည်။

​ကျောင်းဆောင်းအတွင်း လက်နက်ကြီးကျည်ကျပြီး ပျက်စီး​နေမှုများ၊လက်နက်ငယ်ကျ၌စကာ​ပေါက်ဖြစ်​နေ​သော ​ခေါင်မိုးများ ၊မျက်နှာကြက်များ၊စာ​ရေးစားပွဲခုံများ နံရံများ ပြန်လည်ပြုပြင်ခြင်းနှင့် ဆိုလာစနစ် ဖြင့် လျှပ်စစ်မီးရရှိ​အောင် ​ဆောင်ရွက်မည့်အစီစဉ်များအား ဗိုလ်ချုပ်​စောချစ်သူနှင့် ဗိုလ်မှူးချုပ်​စောမုတ်သုန်တို့က တာဝန်ယူ လုပ်​ဆောင်သွားမည် ဖြစ်သည်။

ထို့အတူ ​ကျောင်း​တော် ပြန်လည်ထူ​​ထောင်​ရေးအတွက် ရပ်မိရပ်ဖများ၊လုပ်ငန်းရှင်များက ပံ့ပိုး​ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ်ပညာသင်နှစ်တွင် အထက်တန်း​ကျောင်း ဖွင့်လှစ်နိုင်ရန်အတွက် ယ​နေ့ နံနက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးမိုး​ကျော်နှင့် ဆရာ/ ဆရာမများ၊ အုပ်ချုပ်​ရေးတာဝန်ရှိသူများ၊ မြို့မိမြို့ဖဦးသန်းရွှေနှင့်အဖွဲ့၊မီးသတ်တပ်ဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးနှင့် စည်ပင်သာယာရေးဝန်ထမ်းအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ဗိုလ်ချုပ်စောချစ်သူအဖွဲ့၊ဗိုလ်မှူးကြီးစောမုတ်သုန်နှင့်အဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကြံခိုင်ရေးပါတီခရိုင်ဥက္ကဌ ဦးအောင်မျိုးထွန်း၊မြို့နယ်ပါတီဥက္ကဌနှင့်အဖွဲ့များ၊ ဆုံဆည်မြိုင်ကုမ္ပဏီမှ စောဝင်းမြင့်ဦးနှင့်အဖွဲ့များ၊ ညီနောင်ဥက္ကဌနှင့်ဒေသပြည်သူများ စုပေါင်းသန့်ရှင်းရေးပူးပေါင်း ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။

တစ်နှစ်​ကျော်ကြာပိတ်ထားခဲ့ရ​သော သဃ်န်းညီ​နောင်း အထက်တန်း​ကျောင်းအား လာမည်ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရန်​ ဆောင်ရွက်ခဲ့ကြသည်။

Most Read

Most Recent