လာပေ့ါတ်အားခေါ်ယူရန် ရီးယဲလ်စိတ်ဝင်စားနေ

လာပေ့ါတ်အားခေါ်ယူရန် ရီးယဲလ်စိတ်ဝင်စားနေ
Photo: X
Photo: X
Published 18 July 2024

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်ရာသီတွင် အသင်း၏ခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် ဆော်ဒီကလပ်  အယ်လ်နာဆာအသင်းမှ စပိန်လက်ရွေးစင်နောက်ခံလူ လာပေါ့တ် (၃၀ နှစ်)အားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Football Espana ကဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် ပြင်သစ်လူငယ်နောက်ခံလူ လင်နီယိုဟိုအား လက်လွှတ်ခဲ့ရပြီးနောက် လာပေါ့တ်ကိုခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး ရေတိုအတွက်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။

ဘီလ်ဘာအိုနှင့် မန်စီးတီးအသင်းတို့တွင် ကစားခဲ့ဖူးသည့် လာပေါ့တ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီက ဆော်ဒီကလပ်အယ်လ်နာဆာအသင်းထံပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဥရောပသို့ပြန်လည်ခြေချရန် ဆန္ဒရှိနေကြာင်းလည်းသိရသည်။

ထို့ပြင် လာပေါ့တ်သည် ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်းနှင့်အတူချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဥရောပထိပ်တန်းကလပ်အသင်းများ၏  စိတ်ဝင်စားမှုကိုခံနေရခြင်းဖြစ်သည်။

Most Read

Most Recent