ယူရိုတွင် အင်္ဂလန် ဗိုလ်စွဲမည်ဟု ကလင်းစမန်း ခန့်မှန်း

ယူရိုတွင် အင်္ဂလန် ဗိုလ်စွဲမည်ဟု ကလင်းစမန်း ခန့်မှန်း
Photo: X
Photo: X
Published 13 June 2024

ဂျာမနီနည်းပြဟောင်း ကလင်းစမန်းက ယူရို ၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်စွဲဖူးခြင်းမရှိသေးသော်လည်း ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ထိပ်ဆုံးမှ ရေပန်းစားနေသည်။

ကလင်းစမန်းက ''အင်္ဂလန်သာ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် သူတို့အနေနဲ့ ဂျာမန်တွေရဲ့ အထင်ကြီးလေးစားခြင်းကို ခံရပါလိမ့်မယ်။ ပရီးမီးယားလိဂ်က ဂျာမနီမှာ လူကြည့်အများဆုံးနဲ့ အလေးစားခံရဆုံးလိဂ်လည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းက ဖလားတွေ ရသင့်နေတာ ကြာပါပြီ။ ဒီတစ်ကြိမ်တော့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်စွဲမယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent