ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: UEFA
Photo: UEFA
Published 29 May 2024

အိုလံပီယာကော့စ် - ဖီအိုရင်တီးနား (ကြာသပတေးနံနက် ၁း၃၀ နာရီ)



ပြီးခဲ့တဲ့ရာသီက ဆုဖလားနဲ့ လက်တစ်ကမ်းအလိုထိရောက်ခဲ့တဲ့ ဖီအိုရင်တီးနားအသင်း နောက်တစ်ကြိမ် အခွင့်အရေး ရှိလာပြန်ပြီ။ ဗိုလ်လုပွဲလမ်းကြောင်းမှာ အိုလံပီယာကော့စ်အသင်းကတောင် စွမ်းဆောင်ရည်ပိုကောင်းခဲ့ပြီး ဖီနာဘာချီ၊ အက် စတွန်ဗီလာအသင်းတွေကို ကျော်ဖြတ်လာခဲ့တာဖြစ်တယ်။ ဖီအိုရင်တီးနားအသင်းကတော့ မှုလောက်စရာ ပြိုင်ဘက်တွေနဲ့ မတွေ့ခဲ့ပေမဲ့ အဆင့်တိုင်းကို အကြိတ်အနယ်ကစားပြီးမှ နောက်တစ်ဆင့်တက်ရောက်ခဲ့တယ်။ ဗိုလ်လုပွဲက ဂရိမြေမှာ ကစား ရမှာဖြစ်လို့လည်း အိုလံပီယာကော့စ်အသင်းအတွက် တစ်ပန်းသာနေတယ်။ 

 

Most Read

Most Recent