ပရီးမီးယားလိဂ်နိုင်ပွဲ(၅၀) အမြန်ဆုံးပြည့်မြောက်သည့် အာဆင်နယ်ကစားသမားအဖြစ် ဆာလီဘာ မှတ်တမ်းဝင်

ပရီးမီးယားလိဂ်နိုင်ပွဲ(၅၀) အမြန်ဆုံးပြည့်မြောက်သည့် အာဆင်နယ်ကစားသမားအဖြစ် ဆာလီဘာ မှတ်တမ်းဝင်
Photo: Arsenal
Photo: Arsenal
Published 19 August 2024

အာဆင်နယ်အသင်း၏ ပြင်သစ်နောက်ခံလူ ဆာလီဘာသည် အာဆင်နယ်ကစားသမားများထဲတွင် ပရီးမီးယားလိဂ်နိုင်ပွဲ(၅၀) အမြန်ဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဆာလီဘာသည် ဝုလ်ဗ်နှင့်ပွဲတွင် အာဆင်နယ်ကစားသမားဘဝ ပရီးမီးယားလိဂ်(၆၆)ပွဲမြောက်အဖြစ် ယှဉ်ပြိုင်ကစားပြီး နိုင်ပွဲ(၅၀)ပြည့်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပွဲ (၇၀)ဖြင့် နိုင်ပွဲ(၅၀)ပြည့်ခဲ့သော နောက်ခံလူဟောင်း မွန်ရီယဲလ်ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆာလီဘာသည် အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်(၆၆)ပွဲ ယှဉ်ပြိုင်ကစားရာတွင် ရှုံးပွဲ(၈)ပွဲသာရှိခဲ့ပြီး ဂိုးမပေးရသည့် Clean Sheet ပွဲပေါင်း (၃၀)အထိ ရှိခဲ့ကြောင်းလည်း သိရသည်။

ပရီးမီးယားလိဂ်တွင် နိုင်ပွဲ(၅၀)အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်တင်ထားသူမှာမူ မန်စီးတီးတောင်ပံကစားသမား ဖိုဒန်နှင့် နောက်ခံလူဟောင်း လာပေါ့တ်တို့ဖြစ်ပြီး (၅၉)ပွဲကစားအပြီးမှာပင် နိုင်ပွဲ(၅၀)ပြည့်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent