ရုရှားနိုင်ငံတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ရုရှားနိုင်ငံတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
Published 25 May 2023

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့်  (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ် များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအ စည်းအဝေးသို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E.Mr.Nikolay Patrushev ၏ ဖိတ်ကြားချက်အရ (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ရန် မေ ၂၃ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှား နိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။

(၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် မေ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။

Most Read

Most Recent