ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းပေးရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က တရားရုံးကို မေတ္တာရပ်ခံ တောင်းဆိုမည်

ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းပေးရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က တရားရုံးကို မေတ္တာရပ်ခံ တောင်းဆိုမည်
 Move Forward Party (MFP) ပါတီကိုထောက်ခံသူများအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ရစဉ်
Move Forward Party (MFP) ပါတီကိုထောက်ခံသူများအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ရစဉ်
Published 13 March 2024
Ref:Reuters

ဘုရင်ကို စော်ကားသော ဥပဒေကို ‌ပြောင်းလဲရန် Move Forward Party ၏စည်းရုံးလှုံ့ဆော်မှုက နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ကို အားနည်းသွားစေနိုင်သည်ဟူသော ပူပန်မှုများကြောင့် ယင်းပါတီကို ဖျက်သိမ်းပေးရန် တရားရုံးကို မေတ္တာရပ်ခံရလိမ့်မည်ဟု မတ် ၁၂ ရက်တွင် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သောနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော Move Forward ပါတီသည် တော်ဝင်ကို စော်ကားသော ဥပဒေအားပြောင်းလဲရန် ပါတီ၏အစီအမံများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ဇန်နဝါရီလထဲတွင် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေဆိုင်ရာ တရားရုံး၏စီရင်ထုံး ထွက်ပေါ်လာပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ အထက်ပါဆုံးဖြတ်ချက် ထွက်လာခြင်းဖြစ်သည်။

ပါတီ အဆိုပြုထားသော ပြစ်မှုဆိုင်ရာဥပဒေအပိုဒ်အမှတ် ၁၁၂ ကို ပြင်ဆင်ချက်များသည် ထိုင်းနိုင်ငံ၏ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနှင့်ညီညွတ်သော ဘုရင်စနစ်ကို ဖျက်ဆီးရန်ကြိုးပမ်းမှုဖြစ်နေသည်ကို တွေ့ရကြောင်း ဖွဲ့စည်းပုံအ‌‌ခြေခံဥပဒေဆိုင်ရာတရားရုံး၏စီရင်ထုံး၌ ဖော်ပြထားသည်။

"Move Forward Party ဟာ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ ဘုရင်ရဲ့ဒီမိုကရေစီစနစ်ကို အားနည်းစေတယ်ဆိုတဲ့အထောက်အထားရှိနေပါတယ်"ဟု မတ် ၁၂ ရက် ထုတ်ပြန်ချက်တွင် ထိုင်းရွေးကောက်ပွဲ ကော် မရှင်က ဖော်ပြထားသည်။

"ကော်မရှင်ဟာ ဖွဲ့စည်းပုံအ‌‌ခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့ စီရင်ထုံးကိုထည့်စဉ်းစားခဲ့ပြီး ဆန်းစစ်ခဲ့ပါတယ်။ Move Forward ပါတီကို ဖျက်သိမ်းပေးဖို့ ဖွဲ့စည်းပုံအ‌‌ခြေခံဥပဒေဆိုင်ရာတရားရုံးကို တညီတညွတ်တည်း မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်"ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Move Forward ပါတီ၏တိုးတက်ရေး အာဂျင်ဒါသည် လူငယ်မဲဆန္ဒရှင်နှင့် မြို့ပေါ်နေမဲဆန္ဒရှင်သန်းပေါင်းများစွာထဲ မြည်ဟိန်းခဲ့သည်။ ထို့ကြောင့် Move Forward ပါတီသည် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ပါတီများကို လွန်ခဲ့သောနှစ်တွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် တော်ဝင်ကို စော်ကားသော ဥပဒေအား ပြောင်းလဲရန် Move Forward ပါတီ၏ အစီအမံများက အစိုးရဖွဲ့ရန် ယင်းပါတီ၏ကြိုးပမ်းမှုများကို ဖျက်လို ဖျက်ဆီးလုပ်ခဲ့သော သစ္စာခံ စစ်တပ်နှင့် မဟာမိတ်ဖွဲ့ထားသော ကွန်ဆာ‌ဗေးတစ် အမတ်များကို ဒေါသထွက်စေခဲ့သည်။

 

 

Most Read

Most Recent