ဟောင်ကောင်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေသစ်၏ မူကြမ်းကို ထုတ်ပြန်

ဟောင်ကောင်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေသစ်၏ မူကြမ်းကို ထုတ်ပြန်
ဇန်နဝါရီ ၃၀ ရက်က ဟောင်ကောင်အစိုးရဌာနချုပ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီ(လယ်)က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo: AFP)
ဇန်နဝါရီ ၃၀ ရက်က ဟောင်ကောင်အစိုးရဌာနချုပ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီ(လယ်)က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo: AFP)
Published 8 March 2024

ဟောင်ကောင်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေသစ်၏မူကြမ်းကို မတ် ၈ ရက်က ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်တွင် နောက်ထပ်လွတ်လပ်ခွင့်များ လျော့ပါးစေနိုင်ခြေရှိသည့်အခြေအနေအတွက် စိုးရိမ်မှုများရှိ နေသည့်ကြားမှ ထိုဥပဒေမူကြမ်းကို ပြည်ပသံတမန်များ၊ ရှေ့နေများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

နိုင်ငံတော်သစ္စာဖောက်မှု၊ သူလျှိုလုပ်မှု၊ ပြည်ပ၏ ကြားဝင်စွက်ဖက်မှု၊ နိုင်ငံတော်လျှို့ဝှက်ချက်များနှင့် အစိုးရဆန့်ကျင်မှုများ လွှမ်းခြုံထားသည့် ဥပဒေသစ်များပါဝင်သည့် ထိုမူကြမ်းကို တစ်လကြာ ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက်ပြီးခဲ့သည့် သီတင်းပတ်ကုန်ကအပြီးသတ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေမူကြမ်းတွင် ပါဝင်သည့် အချက်များမှာ ပြစ်မှုများအတွက် ပြစ်ဒဏ်များကို အနောက်နိုင်ငံများကဲ့သို့ ပြန်လည်စိစစ်ထားသော်လည်း အစိုးရဆန့်ကျင်မှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်များဆိုင်ရာပြစ်မှုများကဲ့သို့ အချို့ပြဋ္ဌာန်းချက်များသည် ပိုမိုကျယ်ပြန့်ပြီး ပိုမိုပြင်းထန်လာနိုင်ခြေရှိကြောင်း ထိုဥပဒေမူကြမ်းကို လေ့လာနေသည့် ရှေ့နေများက ပြောကြားခဲ့သည်။

ထိုဥပဒေမူကြမ်းတွင် နိုင်ငံတော်သစ္စာဖောက်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ သူလျှိုလုပ်မှုအတွက် ထောင်ဒဏ် အနှစ် ၂၀၊ နိုင်ငံတော်လျှို့ဝှက်ချက်များနှင့် အစိုးရဆန့်ကျင်မှုနှင့် ဆက်နွှယ်သည့်ပြစ်မှုများအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်မှုများ ပါဝင်သော်လည်း ဟောင်ကောင်၏ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် အခြားအခွင့်အရေးများကိုလည်း ထည့်သွင်းဖော်ပြထားသည်။

အစိုးရဆန့်ကျင်ရေးအတွက် ပြည်ပအင်အားစုများနှင့် ပူပေါင်းကြံစည်မှုများအတွက် ထောင်ဒဏ်ကို နှစ်နှစ်မှ ၁၀ အထိ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်လွှတ်တော်က မတ် ၈ ရက်မှစတင်ပြီး ထိုဥပဒေမူကြမ်းကို အချေအတင်ဆွေးနွေးလျက်ရှိပြီး ထိုဆွေးနွေးမှုများသည် သီတင်းပတ်အနည်းငယ်ကြာမြင်နိုင်ခြေရှိသည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီကမူ လွှတ်တော်အမတ်များအနေဖြင့် ထိုဥပဒေမူကြမ်းကို အမြန်ဆုံး ပြဋ္ဌာန်းရန် တိုက်တွန်းထားသည်။

“ပထဝီနိုင်ငံရေးအခြေအနေတွေဟာ ပိုပြီးရှုပ်ထွေးလာပြီး အမျိုးသားလုံခြုံရေးအန္တရာယ်တွေဟာ ဖြစ်အံ့ဆဲဆဲအခြေအနေမှာ ရှိနေပါသေးတယ်”ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေမူကြမ်းကို အမြန်ဆုုံးပြဋ္ဌာန်းရန် ပြင်ဆင်နေမှုသည် စိုးရိမ်စရာကောင်းကြောင်း ရင်းနှီးမြှုပ်နှံသူအချို့က ပြောကြားခဲ့သည်။

“ဟောင်ကောင်အစိုးရဟာ ဥပဒေပိုဒ်ခွဲ ၂၃ ကို အလျင်အမြန်ထုတ်ပြန်ဖို့လုပ်ဆောင်နေတာဟာ အများပြည်သူ ရဲ့ဆန့်ကျင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ လူတစ်ဦးချင်းစီရဲ့ အခွင့်အ ရေးတွေကိုကာကွယ်ပေးထားတဲ့အချက်တွေ မပါဘူးဆိုရင် စီးပွားရေးအသိုင်းအဝိုင်းကလည်း စိမ်းချမ်းသာမှာ မဟုတ်ပါဘူး”ဟု ဟောင်ကောင်အခြေစိုက် Orient Capital Research ၏ မန်နေးဂျင်းဒါရိုက်တာ အန်ဒရူး ကိုလီယာက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ထိပ်သီးလွှတ်တော်အမတ်များက အမျိုးသားလုံခြုံရေးဥပဒေအသစ်များကို ပြဋ္ဌာန်းရန်လုပ်ဆောင်နေချိန်တွင် ဟောင်ကောင်တွင်လည်း ထိုဥပဒေမူကြမ်းကိုပြဋ္ဌာန်းရေးအတွက် အ ချေအတင်ဆွေးနွေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်သည် တရုတ်နှင့် ဒေသတွင်းအတွက် စီးပွားရေး၊ ပညာရေးနှင့်မီဒီ ယာရပ်ဝန်းတစ်ခုဖြစ်ခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း ဟောင်ကောင်၏ သတင်းလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးမှုတို့သည် လျော့ပါးလာခဲ့ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent