ရုရှားနှင့်ဖြစ်နေသာစစ်ပွဲတွင် အနိုင်ရရေးအတွက် အလုံအလောက်မကူညီသည့်အတွက် အနောက်နိုင်ငံများကို ဇယ်လန်းစကီး ဝေဖန်

ရုရှားနှင့်ဖြစ်နေသာစစ်ပွဲတွင် အနိုင်ရရေးအတွက် အလုံအလောက်မကူညီသည့်အတွက် အနောက်နိုင်ငံများကို ဇယ်လန်းစကီး ဝေဖန်
မေလ ၂၅ ရက်က ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အွန်လိုင်းမှ မိန့်ခွန်းပြောကြားနေသော ဇယ်လန်းစကီးကို တွေ့ရစဉ် (Photo : AFP)
မေလ ၂၅ ရက်က ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အွန်လိုင်းမှ မိန့်ခွန်းပြောကြားနေသော ဇယ်လန်းစကီးကို တွေ့ရစဉ် (Photo : AFP)
Published 26 May 2022
Ref : AFP

ယူကရိန်းအရှေ့ပိုင်းတွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ရုရှားတပ်ဖွဲ့များက အရေးပါသောစက်မှုမြို့ကြီးတစ်မြို့ကို ၀ိုင်းထားရန် ပိုမိုနီးစပ်လာသည့်အနေအထားတွင် ရုရှားနှင့် ဖြစ်ပွားနေသောစစ်ပွဲ၌ အနိုင်ရစေရန်ယူကရိန်းကို အကူအညီပေးရန် လုံလုံလောက်လောက်လုပ်ဆောင်ခြင်းမရှိသည့်အတွက် သမ္မတဗိုဒိုလီမာဇယ်လန်းစကီးက အနောက်နိုင်ငံများကို ခါးခါးသီးသီးအပြစ်တင်ခဲ့သည်။

အကန့်အသတ်အရှိကူညီရေး အထူးသဖြင့် လက်နက်ကြီးများပို့ပေးရန် အကူအညီတောင်းနေသည့် ဇယ်လန်းစကီးက နယ်မြေများပေးအပ်ရန် ပါဝင်လာနိုင်ငံသည့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်ရန် မကြာသေးခင် အကြုံပြုချက်များကိုလည်း  ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ယူကရိန်း၏ ဒွန်းဘက်စ်ဒေသတွင် ရုရှား ထပ်မံလုပ်ဆောင်နေသော ထိုးစစ်၏ အရေးပါသောနေရာဖြစ်လာနေသည့်  ဆီဗာရိုဒိုးနက်မြို့၏ အပြင်ဘက်တွင် တိုက်ပွဲသည် အလွန်ခက်ခဲနေသည်ဟု လူဟန်ဒေသ ဆိုင်ရာအုပ်ချုပ်ရေးမှူးဆာဂျီဂိုင်ဒေးက ပြောကြားခဲ့သည်။

သို့သော် စက်မှုမြို့ဖြစ်သော ဆီဗာရိုဒိုးနက်သည် အဝိုင်းခံရသည့်အနေအထားမရှိသေးဟု မေလ ၂၅ ရက်တွင် Telegram၌  တင်ခဲ့သော ဗီဒီယိုတွင် ၎င်းက ပြောကြားခဲ့သည်။

လာမည့်သီတင်းပတ်သည် အဆုံးအဖြတ်ဖြစ်လာမည်ဟု ခန့်မှန်းပြောဆိုလျက် ဂိုင်ဒေးက ဆီဗာရိုဒိုးနက်မြို့ လက်နက်ချအညံ့ခံလာစေရေးအတွက် ရုရှားတပ်ဖွဲ့များ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံရမည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

မေလ ၂၅ ရက် အစောပိုင်းက ဒါဗို့မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီးဒီမိုင်ထရိုကူလီဘာက မိမိနိုင်ငံသည် ဒွန်းဘက်စ် တိုက်ပွဲများတွင် ရုရှားလက်နက်များကို ယှဉ်ရန်ဘက်စုံသုံးဒုံးကျည်စနစ်များ အလွန် အမင်းလိုအပ်နေသည်ဟု တက်ရောက်လာသူများကို ပြောကြားခဲ့သည်။

ယူကရိန်း၏ အဆိုပါမေတ္တာရပ်ခံမှုကို သမ္မတဇယ်လန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့မိတ်ဖက်နိုင်ငံတွေကနေ အကူအညီတွေ ကျွန်တော်တို့လိုအပ်နေပါတယ်။ အထူးသဖြင့် ယူကရိန်းအတွက် လက်နက်တွေ လိုအပ်နေတာဖြစ်ပါတယ်။  အနိုင်ရဖို့ခြွင်းချက်မရှိ၊ အကန့်အသတ်မရှိ ပြည့်ပြည့်ဝဝကူညီကြပါ”ဟု တိုင်းပြည်ကို နေ့စဉ်ပြောကြားသော မိန့်ခွန်းတွင် ဇယ်လန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာသည် ယူကရိန်းရဲရင့်မှုအတွက် ပြင်ဆင်ထားခြင်းမရှိဟု ဇယ်လန်းစကီးက ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းသည် ရုရှားအကျိူးစီးပွားများကို အလေးထားလွန်းအားကြီးကာ ယူကရိန်းအကျိုးစီးပွားကို အလေးထားမှု နည်းလွန်းနေသည်ဟု မေလ ၂၅ ရက်တွင် ဝေဖန်ခဲ့သည်။

ပဋိပက္ခအဆုံးသတ်ရေးအတွက် ယူကရိန်းအနေဖြင့် ပိုင်နက်နယ်မြေများကို စွန့်လွတ်ရန် လိုအပ်ဖွယ်ရှိနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဟင်နရီ ကစ်ဆင်းဂျား၏ ပြောဆိုမှုနှင့် ယင်းသို့ဖော်ပြ ခဲ့သည့် နယူးယောက်တိုင်းမ်သတင်းစာတို့ကို ဇယ်လန်းစကီးက ရည်ရွယ်ပြောဆိုခဲ့ခြင်းဖြစ် သည်။

လက်တွေ့နိုင်ငံရေး၏ ချန်ပီယံဖြစ်သော ကစ်ဆင်းဂျား(၉၈နှစ်)က ရုရှား၏ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုမတိုင်မီ ပိုနေမြဲ ကျားနေမြဲအနေအထားကို ပြန်သွားခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု ယခုသီတင်းပတ်အတွင်းတွင် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားခဲ့သည်။        

Most Read

Most Recent