ဂျိုးဘိုင်ဒင်နှင့် ဒေါ်နယ်ထရန့်တို့ သက်ဆိုင်ရာပါတီများက သမ္မတလောင်းများအဖြစ် ရွေးချယ်ရန် လိုအပ်သည့် ကိုယ်စားလှယ်အရေအတွက် ရရှိပြီဖြစ်၍ ၂၀၂၄ ရွေးကောက်ပွဲတွင် ၎င်းတို့ပြန်ဆုံမည်

ဂျိုးဘိုင်ဒင်နှင့် ဒေါ်နယ်ထရန့်တို့ သက်ဆိုင်ရာပါတီများက သမ္မတလောင်းများအဖြစ် ရွေးချယ်ရန် လိုအပ်သည့် ကိုယ်စားလှယ်အရေအတွက် ရရှိပြီဖြစ်၍ ၂၀၂၄ ရွေးကောက်ပွဲတွင် ၎င်းတို့ပြန်ဆုံမည်
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် သမ္မတလောင်းဖြစ်လာသည့် သမ္မတဟောင်းဒေါ်နယ်ထရန့်တို့ကို တွေ့ရစဉ်(Photo:AP)
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် သမ္မတလောင်းဖြစ်လာသည့် သမ္မတဟောင်းဒေါ်နယ်ထရန့်တို့ကို တွေ့ရစဉ်(Photo:AP)
Published 14 March 2024

ဂျိုးဘိုင်ဒင်နှင့် ပြိုင်ဘက် ဒေါ်နယ်ထရန့်တို့သည် ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင်  ၎င်းတို့ ပါတီများ၏ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံရရန် မတ် ၁၂ ရက်တွင် လုံလောက် သောကိုယ်စားလှယ်အရေအတွက်ကို ရရှိခဲ့သည်ဟု သတင်းဌာနများက ခန့်မှန်းဖော်ပြခဲ့ကြရာ အမေရိကန်သမိုင်းတွင် သမ္မတအဖြစ် ၎င်းတို့နှစ်ဦး ပြန်လည်ယှဉ်ပြိုင်ကြရမည့် ရွေးကောက်ပွဲဖြစ်လာတော့မည်ဖြစ်ပြီး အချိန်အကြာဆုံး ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော် ရေးကာလတစ်ရပ်ဖြစ်လာတော့မည် ဖြစ်သည်။

မတ် ၁၂ ရက်တွင် ပြည်နယ်လေးခု၌ ပြုလုပ်သော ကနဦးကိုယ်စားလှယ်လောင်း ရွေးပွဲများတွင် ဂျိုးဘိုင်ဒင်နှင့် ဒေါ်နယ်ထရန့်တို့သည် ကနဦး စိန်ခေါ်သူများကို အနိုင်ရခဲ့ကြသည်။

ဘိုင်ဒင်သည် ဂျော်ဂျီယာပြည်နယ်တွင် အနိုင်ရလိုက်သဖြင့် လိုအပ်သည့်ကိုယ်စားလှယ်အရေအတွက် ၁,၉၆၈ ဦးဆိုသော အတားအဆီးကို ကျော်ဖြတ်ခဲ့သည်။ ဂျော်ဂျီယာပြည်နယ်သည် ရွေးကောက်ပွဲတွင်အဆုံး အဖြတ်ပေးသော ပြည်နယ်တစ်ခုဖြစ်သည်။ ထရန့်သည် လွန်ခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရန် လျှို့ဝှက်ကြံစည်လုပ်ဆောင်သည်ဟူသော စွဲချက်ဖြင့် ဂျော်ဂျီယာပြည်နယ်တွင် တရားရင်ဆိုင်နေရသည်။

၀ါရှင်တန်ပြည်နယ်တွင် ထရန့်အနိုင်ရခြင်းကြောင့် ထရန့်သည် ရီပတ်ဘလီကင်ပါတီက ရွေးချယ်သော ကိုယ်စားလှယ်လောင်းဖြစ်လာရန် လိုအပ်သော ကိုယ်စားလှယ်အရေအတွက် ၁,၂၁၅ ဦး ရရှိရန် အထောက်အကူ ပြုခဲ့သည်။

ပါတီခေါင်းဆောင်ပိုင်း၏ အဖွဲ့ဝင်များနှင့် အခြားပါတီသစ္စာခံများဖြစ်သည့် ကိုယ်စားလှယ်များသည် ၎င်းင်းတို့ပါတီ၏သမ္မတလောင်းကို တရားဝင်ရွေးချယ်ရန် အမျိုးသားညီလာခံများသို့ တက်ရောက်ကြရလိမ့်မည် ဖြစ်သည်။

၂၀၂၀ သမ္မတရွေးပွဲတွင် တွေ့ခဲ့ကြသည့် ၎င်းတို့နှစ်ဦးသည် ၂၀၂၄ ရွေးကောက်ပွဲတွင် ထိပ်တိုက်တွေ့ကြတော့မည့်အနေအထား၌ ဘိုင်ဒင်က ၎င်းကို စိန်ခေါ်သူဖြစ်လာသော ထရန့်ကို ယခုကဲ့သို့ပြောကြားခဲ့သည်။

“ထရန့်ဟာအကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာတဲ့အခါသမယမှာ နိုင်ငံတစ်ဝန်းမှာရှိကြတဲ့ ဒီမိုကရက်တစ်ပါတီရဲ့များပြားတဲ့ လူတွေကို ကိုယ်စားပြုထားတဲ့ကျယ်ပြန့် တဲ့ပြည်သူ့ညွန့်ပေါင်းအဖွဲ့တွေဟာ ကျွန်တော်တို့ရဲ့ပါတီနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံကို ကျွန်တော်ထပ်မံဦးဆောင်ဖို့ ကျွန်တော့်အ ပေါ်ယုံကြည်မှု အပ်နှင်းကြတာဂုဏ်ယူပါတယ် ”ဟု ဘိုင်ဒင်က ပြောကြားခဲ့ပြီး ၎င်း၏ပြိုင်ဘက် ဒေါ်နယ်ထရန့်၏ စည်းရုံးရေးသည် မကျေမချမ်းဖြစ်မှု၊ လက်စားချေမှု၊ ရန်တုံ့နှင်းမှုတို့ဖြစ်လာမည်ဟု ဆိုသည်။

ထရန့်သည် ရီပတ်ဘလီကင်ပါတီ၏ ပါတီတွင်းအကြိုကိုယ်စားလှယ်လောင်းရွေးပွဲများတွင် ပြိုင်ဘက်များကို စောစောစီးစီး အနိုင်ရခဲ့သည်။ ထို့ကြောင့် သမ္မတဖြစ်ရေးအတွက် အသက်အကြီးဆုံးလူနှစ်ဦးသည် ပြိုင်ဆိုင်ချိန် ရှစ်လနီးပါး ရရှိလာမည်ဖြစ်သည်။

လက်ရှိအချိန်ထိပြစ်မှုဆိုင်ရာစွဲချက်အမျိုးမျိုးကို ရင်ဆိုင်နေရသော ထရန့်သည် ၎င်း၏ ၂၀၂၄ စည်းရုံးရေးလုပ်ငန်းများ လမ်းချော်သွားခြင်းမရှိသည့်အနေအထားကြောင့် ရီပတ်ဘလီကင်ပါတီသည် ၎င်း၏နောက်တွင် အားကောင်းနေပြီး စည်းလုံးညီညွတ်နေသည်ဟု ပြောကြားခဲ့သည်။     Ref:AFP                                              

Most Read

Most Recent