ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်က မိမိအသင်းမှ နိုင်ငံလက်ရွေးစင် ကစားသမားများမှာ လက်ရှိအချိန်တွင် ပွဲပန်းမှုပြဿနာကို ကြုံတွေ့နေရပြီး ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နွေရာသီကာလအတွင်း ချယ်လ်ဆီးကစားသမားအချို့မှာ ယူရို-၂၀၂၀ ပြိုင်ပွဲနှင့် ကိုပါအမေရိကပြိုင်ပွဲ တို့တွင် ပါဝင်ကစားခဲ့ရပြီး ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်(အင်္ဂလန်)နှင့် ဂျော်ဂျင်ဟို(အီတလီ)တို့မှာ ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဗိုလ်လုပွဲအထိ ကစားခဲ့ရသည်။
သို့ဖြစ်ရာ ပွဲများများကစားခဲ့ရခြင်းက ကစားသမားများအတွက် ပွဲပန်းမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း တူဟယ်လ်က ပြောကြားခဲ့သည်။















