သပိတ်ကျင်းမြို့နယ်တွင် ညအချိန်မတော် ရပ်ကွက်အတွင်း ဆူညံခြင်းမပြုရန် တားမြစ်ပြောဆိုသည့် ဆယ်အိမ်မှူး ဓားဖြင့်ထိုးသတ်ခံရ

သပိတ်ကျင်းမြို့နယ်တွင် ညအချိန်မတော် ရပ်ကွက်အတွင်း ဆူညံခြင်းမပြုရန် တားမြစ်ပြောဆိုသည့် ဆယ်အိမ်မှူး ဓားဖြင့်ထိုးသတ်ခံရ
Published 31 July 2018

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ညအချိန်မတော်ရပ်ကွက်အတွင်း ဆူညံခြင်းမပြုရန် တားမြစ်ပြောဆိုသည့် ဆယ်အိမ်မှူးဖြစ်သူ ဓားဖြင့်အထိုးသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၃၀ ရက်က မြို့မ ရဲစခန်း(သပိတ်ကျင်း)မှ သိရသည်။

“တရားခံကောင်လေးကို သင်တန်းတက်ဖို့ တပ်ကနေ လွှတ်လိုက်တာ။ သင်တန်းမသွားဘဲနဲ့ သူ့မိဘတွေဆီသွားနေတာ။ အဲဒီညမှာ ကောင်လေးက သူငယ်ချင်းတွေနဲ့ ဂီတာတီး အရက် သောက်ပြီးပြန်လာတော့ အချိန်က ညဉ့်နက်တယ်။ ပြန်ရောက်တဲ့အချိန်မှာ အမေက ညဉ့်နက်မှပြန်လာလို့ ဆူတာပေါ့။ မိဘကို စိတ်ဆိုးပြီးတော့ ကလန်ကဆန်ပြန်ပြောတယ်။ အမေဖြစ်သူက အိမ်ထဲမှာ သားဖြစ်သူက ခြံထဲမှာ။ အပေါ်အောက် စကားတွေ များကြ။ အပြန်အလှန် ရန်ဖြစ်ကြတယ်။ ညဉ့်နက်နေတော့ ရပ်ကွက်ထဲမှာ ဆူညံနေတာ။ ဆယ်အိမ်မှူးက သွားပြီးထိန်းတာ။ ဆယ်အိမ်မှူးက သူ့ကိုဆူလို့ဆိုပြီး ဝါးလုံးနဲ့ တစ်ချက်ရိုက်လိုက်တယ်။ ကောင်လေးက စိတ်ဆိုးပြီးတော့ သူ့ခါးမှာရှိတဲ့ ဓားမြှောင်နဲ့ လိုက်ပြီးထိုးတာ။ ဓားက ၁၀ လက်မခန့်ရှိပါတယ်။ဆယ်အိမ်မှူးကတော့ သေသွားတယ်။ တရားခံကိုဖမ်းပြီး တပ်ကို ပြန်လွှဲလိုက်ပါတယ်” ဟု မြို့မရဲစခန်း (သပိတ်ကျင်း)မှ ခေတ္တစခန်းမှူး ရဲအုပ်မျိုးမင်းလွင်က ဆိုသည်။

 

Most Read

Most Recent