မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အောင်လံမြို့ တောင်ပေါ်ကျောင်းတိုက်တွင် နှစ် ၁၀၀ ကျော်သက်တမ်းရှိ စေတီတစ်ဆူ ပြိုကျ

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အောင်လံမြို့ တောင်ပေါ်ကျောင်းတိုက်တွင် နှစ် ၁၀၀ ကျော်သက်တမ်းရှိ စေတီတစ်ဆူ ပြိုကျ
Published 28 July 2018

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အောင်လံမြို့ တောင်ပေါ်ကျောင်းတိုက်တွင် နှစ် ၁၀၀ ကျော်သက်တမ်းရှိ စေတီတစ်ဆူပြိုကျစဉ်

မကွေးတိုင်းဒေသကြီး အောင်လံမြို့ပေါ်ရှိ တောင်ပေါ်ကျောင်းတိုက်တွင် နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့်စေတီတစ်ဆူ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပြို ကျပျက်စီးမှုများဖြစ်ပေါ်နေပြီး အရေးပေါ်ထိန်းသိမ်းမှုများပြုလုပ်ရန် လိုအပ်နေကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လဆန်းပိုင်းမှစတင်ပြီး မိုးသည့်ထန်စွာရွာသွန်းမှုများကြောင့် အောင်လံမြို့ ဇေယျဝတီရပ်ကွက် တောင်ပေါ်ဘုန်းကြီး ကျောင်းအတွင်းရှိ နှစ် ၁၂၀ ကျော်သက်တမ်းရှိသည့် ရှေးဟောင်းနှစ်ကျိပ်ရှစ်ဆူစေတီတော် ပြိုကျပျက်စီးမှုများဖြစ်ပေါ်နေပြီး အရေးပေါ် ထိန်းသိမ်းမှုများပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။

“စေတီရဲ့ သက်တမ်းက နှစ် ၁၂၀ ကျော် လောက်ရှိပါပြီ။ ဒီစေတီကို လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကလည်း ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ ဇူလိုင်လထဲ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် စေတီတစ်ခြမ်းက ပြိုကျမှုများ ဖြစ်ပေါ်နေပါတယ်။ စေတီကလည်း အချိန်မရွေးပြိုကျနိုင်တဲ့ အခြေအနေတွေရှိနေပါတယ်” ဟု အဆိုပါဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးခေမိန္ဒက မိန့်ကြားသည်။

အဆိုပါဘုန်းကြီးကျောင်းတွင် ရှေးဟောင်းစေတီတော်များ အများအပြားတည်ရှိနေပြီး အောင်လံမြို့၏ သမိုင်းဝင်ဘုန်းကြီး ကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိ ပြိုကျမှုများ ဖြစ်ပေါ်နေသည့် စေတီ၏ ညဏ်တော်မှ ပေ ၆၀ ခန့်အထိ ရှိ ပြီး လတ်တလောတွင် စေတီ၏ အုတ်ချပ်များ မကြာခဏပြိုကျမှုများဖြစ်ပေါ်နေပြီး စေတီတစ်ဆူလုံး ပြိုကျသွားနိုင်သည့်အခြေအနေများဖြစ်ပေါ်နေကြောင်း သိရသည်။

Most Read

Most Recent