ဒဂုံအရှေ့မြို့နယ်တွင် မောင်နှမ နှစ်ဦး၊ ညီအကို နှစ်ဦး စုစုပေါင်းကလေးငယ် လေးဦးကို တာမွေမြို့နယ်တွင် ပြန်လည်တွေ့ရှိ

ဒဂုံအရှေ့မြို့နယ်တွင် မောင်နှမ နှစ်ဦး၊ ညီအကို နှစ်ဦး စုစုပေါင်းကလေးငယ် လေးဦးကို တာမွေမြို့နယ်တွင် ပြန်လည်တွေ့ရှိ
Published 25 March 2024

ဒဂုံအရှေ့မြို့နယ်တွင် မောင်နှမ နှစ်ဦး၊ ညီအကို နှစ်ဦး စုစုပေါင်းကလေးငယ် လေးဦးကို တာမွေမြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ပျောက်ဆုံးကလေးငယ်များ၏ မိခင်များက ပြောကြားသည်။

ဒဂုံအရှေ့မြို့နယ်တွင် မောင်နှမ နှစ်ဦးအပါအဝင် ကလေးငယ် လေးဦးမှာ တစ်ပြိုင်တည်းပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး တပတ်နီးပါးခန့်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မောင်မြင့်မြတ်နိုင်နှင့် မအင်ကြင်းခင်အမည်ရှိ မောင်နှမ နှစ်ဦးနှင့်အတူ မောင်လမင်းမောင်နှင့် မောင်ဇွဲပြည့်မောင်အမည်ရှိ ညီအကိုနှစ်ဦးမှာ မတ် ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ ပျောက်ဆုံးခဲ့သည်။

“မနေ့က (မတ် ၂၄ ရက်) ည ၉ နာရီ လောက်မှာ တာမွေသတိပဌာန်လမ်းမှာ ပြန်တွေ့ပါတယ်။ အိမ်ကထွက်သွားတာ ရိုက်ခံရမှာကြောက်လို့ ပြန်မလာတာလို့ ပြောပါတယ်။ ကလေးတွေ ပြန်တွေ့တာ ကျေးဇူးတင်ပါတယ်” ဟု မောင်မြင့်မြတ်နိုင်နှင့် မအင်ကြင်းခင် မောင်နှမနှစ်ဦး၏ မိခင်ဖြစ်သူက ပြောကြားသည်။

မောင်မြင့်မြတ်နိုင်မှာ အသက် ၁၁ နှစ် အရွယ်ရှိပြီး ညီမဖြစ်သူ မအင်ကြင်းခင်မှာ ကိုးနှစ်အရွယ်ရှိကြောင်း သိရသည်။

၎င်းတို့၏ မိခင်ဖြစ်သူမှာ အဝတ်လျှော်ဖွတ်ခြင်းလုပ်ကိုင်ကို လုပ်ကိုင်နေသူဖြစ်ကာ ပျောက်ဆုံးခဲ့သည့် မောင်နှမနှစ်ဦးမှာ အမှိုက်ကောက်သည့်အလုပ်ကိုလုပ်ကိုင်နေသူများလည်းဖြစ်သည်။

ထို့ပြင် မောင်လမင်းမောင်နှင့် မောင်ဇွဲပြည့်မောင်အမည်ရှိ ညီအကိုနှစ်ဦးကိုလည်း မတ် ၂၃ ရက်တွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent