ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦး အစားထိုးပြောင်းလဲ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦး အစားထိုးပြောင်းလဲ
Published 18 May 2018

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးအား မေ ၁၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၉ ရက်မြောက်နေ့) တွင် အစားထိုးပြောင်းလဲခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၆၃/၂၀၁၈) အရ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်သုံးဦး အစားထိုးပြောင်းလဲရန် အမည်စာရင်းပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ အစားထိုးပြောင်းလဲခဲ့သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှာ ကြည်း ၃၃၆၂၆ ဗိုလ်မှူးမင်းအောင်ဇော် (အစား) ကြည်း ၂၈၄၂၄ ဗိုလ်မှူးသန်းလှိုင်၊ လေ ၂၅၅၄ ဗိုလ်မှူးဖုန်းဇော်အောင် (အစား) လေ ၂၉၄၀ ဗိုလ်မှူးလှိုင်ဝင်းအောင်၊ ကြည်း ၃၀၆၈၁ ဗိုလ်ကြီးရဲအောင် (အစား) ကြည်း ၄၂၇၁၅ ဗိုလ်ကြီးစိုးမင်းဌေးတို့ဖြစ်ပြီး အစားထိုးပြောင်းလဲခဲ့သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးတို့သည် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။