ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်မှ ရင်ပြင်တော်ပေါ်သို့ စိတ်ကျန်းမာရေး ချို့တဲ့သူဟု ယူဆရသူ အမျိုးသားတစ်ဦး အဝတ်ဗလာဖြင့် တက်ရောက်ရန် ပြုလုပ်သဖြင့် တားဆီးခဲ့ရမှု ဖြစ်ပွား

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်မှ ရင်ပြင်တော်ပေါ်သို့ စိတ်ကျန်းမာရေး ချို့တဲ့သူဟု ယူဆရသူ အမျိုးသားတစ်ဦး အဝတ်ဗလာဖြင့် တက်ရောက်ရန် ပြုလုပ်သဖြင့် တားဆီးခဲ့ရမှု ဖြစ်ပွား
Published 19 April 2018

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် စိတ်ကျန်းမာရေး ချို့တဲ့သူဟုယူဆရသူ အမျိုးသားတစ်ဦး အဝတ်ဗလာဖြင့် ဘုရားပေါ် တက်ရောက်ရန် ပြုလုပ်သဖြင့် လုံခြုံရေးတာဝန်ရှိသူများက တားဆီးခဲ့ရကြောင်း ရွှေတိဂုံစေတီတော် လုံခြုံရေးဌာနမှ သိရသည်။

ဧပြီ ၁၈ ရက် ညနေ ၄ နာရီက ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းထိပ်တွင် အပေါ်ပိုင်း အဝတ်မပါသော အမျိုးသားတစ်ဦး ဘုရားပေါ်တက်ရန် ပြုလုပ်သဖြင့် တာဝန်ရှိသူများက အဆိုပါပုံစံဖြင့် တက်ခွင့်မပေးကြောင်း ပြောကြားရာ အောက်ပိုင်း ပုဆိုးပါချွတ်၍ ပြေးတက်ခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော်လုံခြုံရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“၃ နာရီ မိနစ် ၅၀ လောက်မှာ တောင်ဘက်စောင်းတန်းထိပ်ပါ။ ဟိုးထိပ်ပါ ဘုရားပေါ် မရောက်ပါဘူး။ ဝတ်လာတာတော့ ပုဆိုးဝတ်လာတယ်။ အပေါ်ကအင်္ကျီချွတ်လာတော့ အဲဒီလိုတော့ တက်ခွင့်မပေးဘူးဆိုတော့ ပုဆိုးကြီးပါ ချွတ်ပြီး ပြေးတက်တာ။ အပေါ်တော့ မရောက်ပါဘူး။ အဲဒီကနေ ရဲစခန်းလွဲှတယ်။ ရဲစခန်းကနေ စိတ်ကျန်းမာရေးဆေးရုံကို ပို့တယ်။ ကျွန်တော့် တပည့်တွေတော့ ပြန်လာပြီ။ ၁၁ နာရီ ၁၀ မိနစ်က။ ဘာမှမေးမရပါဘူး။ အသက်လည်းမသိ၊ နာမည်လည်းမသိ၊ လိပ်စာလည်းမသိ သူ့မေးလိုက်ရင် ဘာမှကိုမပြောဘူး။ ကြည့်ရတဲ့ ခန့်မှန်းခြေကလည်း ဝေဒနာသည် ပုံစံမျိုးဆိုတော့ စိတ်ကျန်းမာရေးဆေးရုံ ပို့လိုက်တာပါ။ ပြည်သူ့ဆေးရုံကြီးပို့လည်း အဆင်မပြေနိုင်ဘူးလေ။ ကျွန်တော့် တပည့်တွေသွားပို့တာ။ ၁၁ နာရီ ၁၀ မိနစ်ကတော့ ဆေးရုံကနေ ပြန်ထွက်လာပြီပြောတယ်” ဟု ရွှေတိဂုံစေတီတော် လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဒဂုံရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စကို ကြားတော့ကြားတယ်။ ကျွန်တော်တို့ဆီတော့ ရောက်မလာဘူး။ ရွှေတိဂုံလုံခြုံရေးတွေကဆက်ပြီး ဆောင်ရွက်တယ်ပြောတယ်” ဟု တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြန်လည်ပြောကြားသည်။

Most Read

Most Recent