ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အထက် ရောက်လာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၁ ကျပ်အထိ ပြန်တက်

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အထက် ရောက်လာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၁ ကျပ်အထိ ပြန်တက်
Published 15 September 2017

စက်တင်ဘာ ၁၄ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အထက် ပြန်ရောက်ခဲ့ပြီး ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၁ ကျပ် ဝန်းကျင်သို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြား ငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၉၁ ဒသမ ၀၁ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက် တွင် ၉၆ ဒသမ ၂၀ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ဇူလိုင် ၆ ရက်မှ စတင်ကာ ၉၆ ပွိုင့်အောက်၊ ဇူလိုင် ၁၈ ရက်တွင် ၉၅ ပွိုင့် အောက်၊ ဇူလိုင် ၂၁ ရက်တွင် ၉၄ ပွိုင့်အောက်၊ သြဂုတ် ၁ ရက်တွင် ၉၃ ပွိုင့်အောက်အထိ ကျဆင်းခဲ့သည်။ သြဂုတ် ၄ ရက်တွင် ၉၃ ပွိုင့်အထက်၊ သြဂုတ် ၁၆ ရက်တွင် ၉၄ ပွိုင့်အထိ ပြန်ရောက်ခဲ့သော်လည်း သြဂုတ် ၂၅ ရက်တွင် ၉၃ ပွိုင့်အောက်၊ သြဂုတ် ၂၉ ရက်တွင် ၉၂ ပွိုင့်အောက်အထိ ကျဆင်းခဲ့ပြီး သြဂုတ် ၃၁ ရက်တွင် ၉၃ ပွိုင့်အထက် ရောက်ခဲ့သည်။ စက်တင်ဘာ ၁ ရက်မှ စတင်ကာ ၉၃ ပွိုင့်အောက်၊ စက်တင်ဘာ ၇ ရက်တွင် ၉၂ ပွိုင့်အောက် ပြန်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ၉၂ ပွိုင့်အထက်သို့ ပြန်လည်မြင့်တက်ခဲ့သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂ ပွိုင့်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၈ ရက် နောက်ပိုင်းကတည်းက ၁၀၀ ပွိုင့်အောက်၊ မေ ၁၅ ရက်မှ စတင်ကာ ၉၉ ပွိုင့်အောက် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သောဧပြီလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၁၀၁ ဒသမ ၂၂ ပွိုင့်ဖြစ်ပြီး မေလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၉ ဒသမ ၆၅ ပွိုင့်၊ ဇွန်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၇ ဒသမ ၅၃ ပွိုင့်၊ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၆ ဒသမ ၂၀ ပွိုင့်၊ သြဂုတ်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၀၁ ပွိုင့်ဖြစ်သည်။

Most Read

Most Recent