ရခိုင်ပြည်နယ်ရှိ လူမျိုးစု အကြမ်းဖက်မှုများကြောင့် ဗြိတိန်က မြန်မာ့တပ်မတော်အား လေ့ကျင့်သင်တန်းပေးမှုများ ရပ်ဆိုင်း

ရခိုင်ပြည်နယ်ရှိ လူမျိုးစု အကြမ်းဖက်မှုများကြောင့် ဗြိတိန်က မြန်မာ့တပ်မတော်အား လေ့ကျင့်သင်တန်းပေးမှုများ ရပ်ဆိုင်း
Published 20 September 2017

ရခိုင်ပြည်နယ်ရှိ လူမျိုးစု အကြမ်းဖက်မှုများကြောင့် မြန်မာ့တပ်မတော် ပညာရေးဆိုင်ရာ လေ့ကျင့်ရေး သင်တန်းများအား ရပ်ဆိုင်းခဲ့ကြောင်း ဗြိတိန်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် “အလွန်အမင်း စိုးရိမ်ကြောင်း” လန်ဒန်က ပြောကြားခဲ့ပြီး ရခိုင်အကျပ်အတည်းအတွက် “လက်ခံနိုင်သော ဖြေရှင်းချက်” တစ်ရပ်မရှိမချင်း လေ့ကျင့်သင်တန်းပေးမှုများကို ပြန်လည်စတင်မည်မဟုတ်ဟု ဆိုခဲ့သည်။

“ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ချက်ချင်းအရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ မြန်မာလက်နက်ကိုင် တပ်ဖွဲ့တွေကို ကျွန်တော်တို့က ပန်ကြားပါတယ်။ ပြီးတော့ အရပ်သားအားလုံးကို အကာအကွယ်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေအတွက် အပြည့်အ၀ သွားရောက်ဆောင်ရွက်ခွင့်ပေးဖို့၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အစိုးရအဖွဲ့က အပြည့်အ၀ အကောင်အထည်ဖော်ရန် ပံ့ပိုးကူညီပေးရေးတို့ ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

ဗြိတိန်သည် ဒီမိုကရေစီ၊ ခေါင်းဆောင်မှုနှင့် အင်္ဂလိပ်ဘာသာစကားတို့အတွက် မြန်မာစစ်သားများအား လေ့ကျင့်သင်ကြားပေးရန် ယမန်နှစ်က ပေါင် ၃၀၅၀၀၀ ခန့်သုံးစွဲခဲ့ပြီး စစ်ဖက်ဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ မပေးခဲ့ကြောင်း ဗြိတိန်၏ အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး မက်ဖီးက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် လေ့ကျင့်သင်တန်းပေးမှု အစီအစဉ်အား ရပ်ဆိုင်းရန် ဗြိတိန်ပါလီမန်အမတ် ၁၅၀ ခန့်က စက်တင်ဘာ ၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်အား စာရေးတောင်းဆိုခဲ့သည်။

Most Read

Most Recent