အမေရိကန်အမျိုးသမီး ဂိုးသမားဟောင်း ဟုပ်ဆိုလို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်

အမေရိကန်အမျိုးသမီး ဂိုးသမားဟောင်း ဟုပ်ဆိုလို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်
Published 11 December 2017

ဆိုလိုအား ၂၀၁၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲ၌ တွေ့ရစဉ် (Photo: AFP)

အမေရိကန်အမျိုးသမီး လက်ရွေးစင်အသင်း ဂိုးသမားဟောင်း ဟုပ်ဆိုလိုက အမေရိကန်ဘောလုံး အဖွဲ့ချုပ် (USSF) ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

ဆိုလို (၃၆ နှစ်) သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်အသင်းအတွက် ၂၀၂ ပွဲပါဝင် ကစားပေးခဲ့သူဖြစ်ပြီး ၂၀၁၅ အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံဆုနှင့် ၂၀၀၈ ပေကျင်းအိုလံပစ်၊ ၂၀၁၂ လန်ဒန်အိုလံပစ် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။ ၎င်းသည် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် နောက်ဆုံး ပါဝင်ကစားခဲ့ပြီး ယင်းပြိုင်ပွဲ ကွာတားဖိုင်နယ်၌ ဆွီဒင်အသင်းအား ပယ်နယ်တီဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ဘက်အသင်းကို “ငကြောက်တွေ” ဟု ဝေဖန်ခဲ့သောကြောင့် ခြောက်လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ဆိုလိုသည် ယင်းနောက်ပိုင်းတွင် လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခြင်းမရှိတော့ဘဲ ဖေဖော်ဝါရီတွင် ကျင်းပမည့် USSF ဥက္ကဋ္ဌရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Facebook မှ တစ်ဆင့် အတည်ပြု ပြောကြားခဲ့သည်။ လက်ရှိဥက္ကဋ္ဌ ဂူလာတီသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်သဖြင့် ဖိအားများ ရင်ဆိုင်နေရပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်မဟုတ်ဟု ကြေညာထားသည်။ ဆိုလိုနှင့် အတူ ရွေးကောက်ပွဲယှဉ်ပြိုင်မည့်သူ ကိုးဦးရှိပြီး အခြားအမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent